အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပို့လန်းမြို့လယ်ကောင်မှာ ဇူလိုင်လ ၂၂ ရက် အစောပိုင်းက ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး ဖြိုခွင်းခဲ့ပါတယ်။
ပို့လန်းမြို့မှာ ရဲတပ်ဖွဲ့ ရက်စက်မှုနဲ့ စနစ်တကျ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်နေတာပါ။
ဒေသခံရဲတပ်ဖွဲ့နဲ့ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ပစ်လွှတ်တာ ကြောင့် ထီးတွေနောက်မှာ ဆန္ဒပြသူတွေနဲ့ သတင်းယူတွေ တိုးဝှေ့နေတာကို မြင်တွေ့ရပါတယ်။
ဇူလိုင်လ ၂၂ ရက်မှာပဲ သမ္မတ ဒေါ်နယ်ထရမ့်က အကြမ်းဖက်ရာဇဝတ်မှုတွေကို ဖြိုခွင်းဖို့ အမေရိကန်မြို့တွေဆီ ဖက်ဒရယ်အေးဂျင့်တွေ စေလွှတ်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
"Operation Legend" ဆိုတဲ့အစီအစဉ်ဟာ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ ဖက်ဒရယ်အေးဂျင့်တွေရဲ့ နောက်ထပ် ကြိုးပမ်းချက် တစ်ရပ် ဖြစ်ပြီး အဲဒီအစီအစဉ်မှာ ချီကာဂိုနဲ့ အယ်ဘာကာကီလိုမြို့တွေကို ထပ်တိုးထည့်သွင်းမှာကို သမ္မတ ထရမ့်က ကြေညာခဲ့ပါတယ်။
“တချို့မြို့တွေမှာ လူသေဆုံးမှု မြင့်တက်လာတာကို မတတ်သာလို့ ဝင်ရောက်ဖြေရှင်း ရတာဖြစ်တယ်”လို့ သမ္မတ ထရမ့်က ပြောပါတယ်။
ဒီအစီအစဉ်အရ အကြမ်းဖက်ရာဇဝတ်မှုကို တိုက်ဖျက်ရာမှာ ဒေသခံရဲတွေကို ကူညီဖို့ ဖက်ဒရယ်အေးဂျင့်တွေ စေလွှတ်တာလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ဒီအစီအစဉ်ဟာ ရဲတပ်ဖွဲ့ ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့တဲ့ လူမည်း ဂျော့ဖလွိုက် ကြောင့် မြို့ကြီး အတော်များများမှာဖြစ်နေတဲ့ တင်းမာမှုတွေကို မီးလောင်ရာလေပင့် ဖြစ်စေ နိုင်တယ်လို့ရိုက်တာက သုံးသပ် ဖော်ပြထားပါတယ်။
3 years Ago