ဂျာမနီဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ဘိုင်အိုအန်တက်ခ်က အမေရိကန်ရဲ့ ဖှိုက်ဇာကုမ္ပဏီနဲ့ ပူးပေါင်း တီထွင်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပူချိန်ထိန်းတဲ့ သေတ္တာတွေနဲ့ ထည့်ပြီး ဗြိတိန် နိုင်ငံဆီကို လေယာဉ်နဲ့ ပို့တော့မယ်လို့ အကြီးတန်း အမှုဆောင်အရာရှိက ဒီဇင်ဘာ ၂ရက်မှာ ပြောပါတယ်။
လာမယ့် ရက်နည်းနည်းအတွင်း ကာကွယ်ဆေးထိုးနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။
ဗြိတိန်က ကာကွယ်ဆေးကို အတည်ပြု ပေးအပြီးမှာ ဂျာမန် ဘိုင်အိုအန်တက်ခ် ကုမ္ပဏီ ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာအရာရှိချုပ် ရှောင် မာရတ်က သတင်းစာရှင်းလင်းပွဲအတွင်း ခုလို ပြောလိုက်တာပါ။
အလိုအပ်ဆုံး လူတွေဆီ လာမယ့် သီတင်းပတ်မှာ ကာကွယ်ဆေး ရောက်သင့်ပြီး သိုလှောင်ခန်းထဲမှာ ၂ ကနေ ၈ ဒီဂရီဆဲလ်စီးယပ်စ် ထားပြီးရင် သယ်ယူပို့ဆောင်နိုင်မယ် ၊ပုံမှန်ရေခဲ သေတ္တာထဲမှာ ၅ ရက် ထားလို့ရတယ်လို့ မာရတ်က ပြောပါတယ်။
ကာကွယ်ဆေးတွေကို အန္တာတိက ဆောင်းရာသီနဲ့ညီတဲ့ ရေခဲမှတ်အောက် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်အအေးချိန်မှာ သိုလှောင်ထားဖို့ လိုတယ်ဆိုတဲ့ စိုးရိမ်ချက်ကို သူ့ မှတ်ချက်က သက်သောအောင် ဖြေလျှော့ ပေးခဲ့ပါတယ်။
ကာကွယ်ဆေးသယ်ယူပို့ဆောင်ချိန်မှာ အပူချိန်တည်ငြိမ်ရေး ကုမ္ပဏီတွေက ဆက်ကြိုးစားနေပြီး ကာကွယ်ဆေးကို ရေခဲမှတ်အောက် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ ထားရင် ရလာမယ့် အချက်အလက်တွေနဲ့ ပုံမှန်ရေခဲသေတ္တာအတွင်း ၂ ကနေ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်ကြားမှာ ထားရင် ရလာမယ့် အချက်အလက်တွေကို စောင့်မျှော် နေကြပါတယ်။
4 months Ago