ပို့ဆောင်

A d v e r t i s e m e n t With Us

May 31, 2020

ပုဂ္ဂလိက ဒုံးပျံ SpaceX  နာဆာယာဉ်မှူး ၂ ဦးကို ကမ္ဘာပတ်လမ်းသို့ ပို့ဆောင်

ပုဂ္ဂလိကပိုင် ဒုံးပျံကုမ္ပဏီတခုဖြစ်တဲ့ SpaceX ဟာ နာဆာ အာကာသယာဉ်မှူး နှစ်ဦးကို မေလ ၃၀ ရက်မှာ ကမ္ဘာပတ်လမ်းကြောင်းထဲ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။  ဒါဟာ ကိုးနှစ်အတွင်း အမေရိကန်မြေပေါ်ကနေ နာဆာယာဉ်မှူးတွေနဲ့ လူလိုက်ပါတဲ့ အာကာသခရီးစဉ်ကို ပထမဆုံး ပြန်လည်စတင်နိုင်တာပါ။  SpaceX Falcon 9 ဒုံးပျံက ယာဉ်မှူးဒေါက် ဟာလေနဲ့ ဘော့ဘန်ကင်တို့ ပါဝင်တဲ့ အာကာသယာဉ်ကို ကနေဒီအာကာသစခန်းကနေ လွှတ်တင်သယ်ဆောင်သွားခဲ့ပြီး  နိုင်ငံတကာ အာကာသစခန်းဆီရောက်ဖို့ ၁၉ နာရီကြာ စီးနင်းခဲ့ရပါတယ် ။  ဒီ အာကာသယာဉ် Crew Dragon ကလည်း SpaceX ကုမ္ပဏီက အသစ်ထုတ်ထားတဲ့ ဒီဇိုင်းပါ။  Crew Dragon ယာဉ်ဟာ မနက် ၃ နာရီ ၃၅ မိနစ်မှာ ဒုံးပျံကနေ ခွဲခွာပြီး ကမ္ဘာပတ်လမ်းကြောင်းထဲ ဝင်ခဲ့ပါတယ်။  နာဆာယဉ်မှူးတွေဟာ ၂၀၁၁ကစလို့ ကမ္ဘာပတ်လမ်းထဲသွားဖို့ ရုရားရဲ့ ဆိုယူဇ်အာကာသ ယာဉ်ကိုပဲ သုံးခဲ့တာပါ။  ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုက တီထွင်တဲ့ အာကာသယဉ်တွေနဲ့ အမေရိကန်ယာဉ်မှူးတွေ ကမ္ဘာပတ်လမ်းကြောင်းထဲ သွားတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ရိုက်တာ သတင်း က ဖေါ်ပြပါတယ် ။  
9 months Ago
Up