ပိုကောင်းသည့်အသင်းမရှိ၍ ရီးရဲလ်တွင် ဆက်နေမည်ဟု ကွင်းလယ်လူ အစ္စကို ပြော

June 5, 2017

ပိုကောင်းသည့်အသင်းမရှိ၍ ရီးရဲလ်တွင် ဆက်နေမည်ဟု ကွင်းလယ်လူ အစ္စကို ပြော

ရီးရဲလ်မက်ဒရစ်အသင်းထက် ပိုကောင်းတဲ့အသင်း မရှိတာကြောင့် အသင်းမှာပဲ ဆက်နေမယ်လို့ ကွင်းလယ်ကစားသမား အစ္စကိုက ပြောကြားလိုက်ပါတယ်။ စပိန်လက်ရွေးစင် အစ္စကိုကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က စိတ်ဝင်စားနေတာပါ။ ရီးရဲလ်နည်းပြ ဇီဒန်းလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့် ရနေတဲ့အတွက် အသင်းကနေ ထွက်ခွာဖို့မရှိဘဲ သက်တိုးစာချုပ် ချုပ်ဆိုဖို့ပဲ မျှော်လင့်တယ်လို့ အစ္စကိုက ဆိုပါတယ်။ အစ္စကိုအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတနှစ်ပဲ ကျန်တော့တာကြောင့် အသင်းဘက်ကလည်း ၅ နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်ရှိ အစ္စကိုဟာ ၂၀၁၃ ခုနှစ်က မာလာဂါအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ဒီနှစ်ရာသီမှာ ရီးရဲလ်အသင်းအတွက် ၄၂ ပွဲကစားပြီး ၁၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။
4 years Ago
Up