ပိုသတ်

July 17, 2020

ကိုဗစ်-၁၉ ထက် စီးပွားရေးအကျိုးဆက်က လူများကို ပိုသတ်နေဟု ဘရာဇီးသမ္မတပြော

ကိုဗစ်-၁၉ ကူးစက်ခံထားရပေမဲ့  လော့ဒေါင်းချလို့ဖြစ်ရတဲ့ စီးပွားရေးအကျိုးဆက်တွေဟာ ကိုဗစ်-၁၉ ထက် လူတွေကို ပိုသတ်နေတယ်လို့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ပြောလိုက်ပါ တယ်။  သမ္မတ ဘော်ဆိုနာရိုဟာ ပြီးခဲ့တဲ့အပတ်က ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သူပါ။  သူက လူချင်းခပ်ခွာခွာနေဖို့ အမိန့်တွေကိုလည်း တိုက်ခိုက်ခဲ့ပြီး စီးပွားရေးသက်ရောက်မှု တွေက ရောဂါထက် ပိုဆိုးတယ်လို့ ပြောပါတယ်။  ဘရာဇီးမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့မြို့တော်ဝန်တော်တော်များများဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း လော့ဒေါင်းသတ်မှတ်ချက်တွေ ပြန်ဖြေလျှော့ခဲ့တာ အခုတော့ ကူးစက်မှုနှုန်း ပိုမြင့်လာနေတာပါ။  သမ္မတ  ဘော်ဆိုနာရိုကတော့ အတည်မပြုရသေးတဲ့ဆေးဖြစ်တဲ့ ငှက်ဖျားဆေး ဟိုင်ဒရိုဇီ ကလိုရိုကွင်းကို  သောက်ထားပြီး ကျန်းမာရေးကောင်းနေတယ်လို့ သိရပါတယ်။  ဘရာဇီးမှာ ဇူလိုင် ၁၆ ရက်ထိ အတည်ပြုလူနာစာရင်း ၂သန်းကျော်နေပြီလို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။
10 months Ago
Up