တရုတ်နဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်း ပိုမိုရင်းနှီးမြှုပ်နှံဖို့ ဇန်နဝါရီ ၁၀ ရက်မှာ အင်ဒိုနီးရှားအစိုးရက ဂျပန်ကို တိုက်တွန်းလိုက်ပါတယ်။
မြောက်ပိုင်း နတ်သူနာကျွန်းတွေက ငါးဖမ်းလုပ်ငန်းနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမိဆူမိုသဲဂိရဲ့ ခရီးစဉ်အတွင်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ဖိတ်ခေါ်ခဲ့တာပါ။
မနှစ်တုန်းက ဂျပန်အစိုးရဟာ နတ်သူနာကျွန်းမှာ ငါးဈေးတည်ဆောက်ဖို့ အင်ဒိုနီးရှားကို ရူပီးငွေ ဘီလီယံ ၁၀၀ ပေးအပ်ခဲ့ပါတယ်။
အဲဒီငါးဈေးကို နာမည်ကြီး တိုကျိုဈေး ဆူကီဂျီ ဆိုပြီး နာမည်ပေးသွားမှာပါ။
သမ္မတ ဂျိုကိုဝီဒိုဒိုဟာ Softbank တည်ထောင်သူနဲ့ စီအီးအို မာဆာယိုရှီဆွန်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မာဆာယိုရှီဆွန်းဟာ သူ့ရဲ့နည်းပညာကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုတွေကို အင်ဒိုနီးရှားမှာ တိုးချဲ့လုပ်လိုသူ ဖြစ်ပါတယ်။
Softbank ဟာ ဂျကာတာအနောက်ဘက် မြို့နယ်တခုမှာ smart city ပရောဂျက်ကို လုပ်ဆောင်နေပြီး အဲဒီပရောဂျက်မှာ ဒေသခံကုမ္ပဏီနဲ့ ပူးပေါင်းပြီး ယာဉ်ကြောသွားလာမှု စောင့်ကြပ်ရေးကင်မရာ တပ်ဆင်ရေးလို နည်းပညာတွေကို မိတ်ဆက်သွားမှာပဲ ဖြစ်ပါတယ်။
1 year Ago