ပိုင်ရှင်

May 10, 2020

အုပ်စိုးခန့် တကျော့ပြန် ဆန်းသစ်သီဆိုထားသည့် နာမည်ကြီးသီချင်း - “ပိုင်ရှင်” (ရုပ်သံ)

“မြို့ထဲ လမ်းမပေါ်  ကားရောင်စုံများစွာ… တစီးမှကိုယ်မပိုင်ပါ… အိမ်ခန်းပေါင်း များစွာလည်း… မြို့လယ်မှာရှိတာ… တခန်းမှ မပိုင်ပါဘူး… မိန်းကလေးတွေ တကယ်ကို များ… ဘယ်သူမှ တို့မပိုင်ပါလား… အားလုံးထဲမှာ မင်းတယောက်တော့လေ… အိုး…  တို့ပိုင်ဆိုင်ပါရစေ” ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေ တချိန်က အားလုံးရဲ့ နှုတ်ဖျားမှာ ရေပန်းစား ထင်ရှားခဲ့တဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ ဒီသီချင်းကိုတော့ တေးရေး မင်းချစ်သူက ရေးစပ်ပေးထားခဲ့ပြီး အဆိုတော် ဇော်ဝင်းရှိန်က သီဆိုခဲ့တာဖြစ်ကာ လက်ရှိအချိန်ထိ ခေတ်မီနေဆဲ သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။ ဒီတခါမှာတော့ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ လူငယ်အဆိုတော် အုပ်စိုးခန့်ရဲ့ တကျော့ပြန် ဆန်းသစ်သီဆိုဟန်နဲ့ ပရိသတ်တွေ ခံစားနားဆင်ကြရမှာပါ။ “ပိုင်ရှင်မရှိသေးတဲ့အချစ်ကလေးရယ်… ပိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်… ဒီကမ္ဘာ မြေထဲမှာ ရှိသမျှထဲတခုပဲ… မင်းကိုအမြဲတမ်းပိုင်ချင်တယ်… ဒီကမ္ဘာကြီးထဲမှာ ရှိသမျှထဲ တယောက်တည်း… တို့ အလိုရှိတာ မင်းပဲကွယ်။” သရုပ်ဆောင် အဆိုတော် အုပ်စိုးခန့်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မိန်းကလေး ပရိသတ်တွေ အများစုက ချစ်ခင်အားပေးမှုတွေ ရရှိထားသူတဦးဖြစ်ပြီး ‘ချစ်နေပြီ’ သီချင်းတပုဒ်တည်းနဲ့တင် လူသိများလာခဲ့ပြီး The Number One အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့သူ ဖြစ်ပါတယ်။ V7 Entertainment ကနေ တင်ဆက်လိုက်တဲ့ ခုသီချင်းရုပ်သံထဲမှာတော့ အုပ်စိုးခန့်နဲ့ မော်ဒယ် သင်ဇာတို့က ဇာတ်လမ်းသရုပ်ဖော်ပုံစံ ရိုက်ချက်တွေနဲ့အတူ ရန်ကုန်မြို့လယ်ကောင် မြင်ကွင်းတွေနဲ့ ရိုက်ကူးထားတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။
1 year Ago

March 19, 2020

ဘတ် ၆ သန်းတန် ထီလက်မှတ်ကို ကောက်ရထားသူက ပြန်အပ်ထားသဖြင့် ပိုင်ရှင်ကို ရှာဖွေနေ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင်မှာ  ပြည်သူ ၃ ဦးက ထိုင်းဘတ်ငွေ ၆ သန်းတန် ပထမဆုရထီလက်မှတ်တစောင် ကောက်ရထားပြီး ရဲစခန်းက ပိုင်ရှင်အမှန်ကို ရှာဖွေနေပါတယ်။‌ ဥဒွန်းဌာနီမြို့ခံ သားအမိ ၂ ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က မဲ့ယွန့်ဈေးအနီးရှိ ဆဲဗဲင်း အလဲဗဲင်းကုန်စုံဆိုင်ရှေ့မှာ ထီလက်မှတ် ၁ စောင် ကောက်ရလို့  အဆိုပါကုန်စုံဆိုင်ထံသွား ရောက်အပ်နှံခဲ့ပါတယ်။  မတ်လ ၁၆ ရက်နေ့ ထီပေါက်စဉ်ထွက်လာတော့ ဆိုင်မန်နေဂျာက တိုက်ကြည့်ရာမှာ အဆိုပါ ထီလက်မှတ်ရှိ ဂဏန်းနံပါတ် ၅၀၃၄၄၆ မှာ ဘတ် ၆ သန်း တန်ဘိုးရှိ ပထမဆုရဂဏန်း ဖြစ်နေတာကြောင့် မန်နေဂျာက ရိုးသားစွာနဲ့ နားခါးနယ်မြေရဲစခန်းကို သွားရောက်အပ်နှံ ထားခဲ့ပါတယ်။  ရဲစခန်းတာဝန်ရှိသူတွေကလည်း ထီပေါက်စဉ်ကောက်ရတဲ့နေရာတဝိုက်သွား ရောက်စစ်ဆေးပြီး ထီလက်မှတ်ပိုင်ရှင်အနေနဲ့ ခိုင်လုံတဲ့သက်သေနဲ့အတူ လာရောက်ဆက်သွယ်ဖို့ ကြေညာထားပါတယ် ။  အဲဒီနောက် ထီလက်မှတ်ပိုင်ရှင်လို့ ပြောတဲ့သူတွေ ရဲစခန်းကို ရောက်လာကြကြောင်း ၊ ဒါပေမယ့် ရဲတပ်ဖွဲ့က ဈေးဆိုင်အနီးရှိ စီစီကင်မရာတွေနဲ့ရော ထီလက်မှတ်က လက်ရာကို ဒီအန်အေနဲ့ပါ ထပ်မံတိုက်ဆိုင် စစ်ဆေးမယ် ၊ မမှန်ကန်ဘူးဆိုရင် တာဝန်ရှိသူတွေကို လိမ်လည်မှုနဲ့ ပြန်ပြီးတရားစွဲခံရမယ်လို့ ပြောတာကြောင့် ထီလက်မှတ်ပိုင်ရှင်လို့ လာပြောတဲ့သူတွေဟာ နောက်တွန့်ကုန်ကြပါတယ်။  ရဲတပ်ဖွဲ့ဟာ မတ်လ ၁၇ ရက်က ကနဦးထီလက်မှတ်ကောက်ရတဲ့ သားအမိ ၂ ဦးကို စခန်းမှာ ခေါ် ယူမေးမြန်းရာမှာတော့  အသက် ၁၀ နှစ်ရွယ် သမီးလေးက ပလပ်စတိတ်အိတ်ထဲထည့်ထားတဲ့ အဲဒီထီလက်မှတ်ကို အေတီအမ်ငွေထုတ်စက်နားမှာ ကောက်ရကြောင်း ၊ သမီးက မိခင်လက်ထဲ အပ်လိုက်ပြီး မိခင်ကလည်း မိမိကိုယ်ပိုင် အရာမဟုတ်ရင် ဘာမှမလိုချင်ဘဲ ပိုင်ရှင်အမှန်ကိုလည်း ကိုယ်ချင်းစာတာကြောင့်  ဈေးဆိုင်ကောင်တာမှာ အပ်နှံခဲ့တာ လို့ ပြောပါတယ် ။  အလားတူ ဆိုင်မန်နေဂျာကလည်း သူတပါးဥစ္စာကို အချောင်မလိုချင်ကြောင်း ၊ ပိုင်ရှင်အ စစ်ပေါ်လာက ပြဿနာဖြစ်နိုင်ကြောင်း တွေးမိပြီး ရဲစခန်းမှာ သွားအပ်ခဲ့တာလို့ ဆိုပါတယ်။  သူတို့ ၃ ဦးရဲ့ ရိုးသားမှုကို နားခါးနယ်မြေရဲစခန်း စခန်းမှူး နန်ထချိုင်း ဆူဖမုန်းခုံး ကိုယ်တိုင် ချီးကျူးကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။  တရားမဥပဒေအရ အဆိုပါ ထီလက်မှတ်ပိုင်ရှင် အစစ်အမှန်ကို တနှစ်အတွင်း စောင့်ဆိုင်းရမှာဖြစ်ကြောင်း၊ တနှစ်ပြည့်လို့မှ ပိုင်ရှင် မပေါ်ရင် ကောက်ရသူအနေနဲ့ အဆိုပါထီ လက်မှတ်ကို ပိုင်ဆိုင်ခွင့်ရှိပြီး  ၂ နှစ်ကျော်လို့မှ လာထုတ်တဲ့သူမရှိဘူး ဆိုရင်တော့ ထီဗဟိုဌာနထံ ပြန်လည်အပ်နှံသွားမယ်လို့ စခန်းမှူး နန်ထချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။  ကိုးကား - Thairath / MCOT / Amarin TV 
2 years Ago
Up