ပိုင်ရှင်ကို နောက်မှာတင်ပြီး ဆိုင်ကယ်မောင်းသည့် ခွေးကလေး

A d v e r t i s e m e n t With Us

March 16, 2016

ပိုင်ရှင်ကို နောက်မှာတင်ပြီး ဆိုင်ကယ်မောင်းသည့် ခွေးကလေး (ရုပ်သံ)

ပိုင်ရှင်ဖြစ်သူကို ဆိုင်ကယ်နောက်မှာတင်ပြီး လူသူရှုပ်ထွေးတဲ့ လမ်းမကြီးပေါ် ရောက်တတ်ရာရာ မောင်းနှင်ခဲ့တဲ့ ခွေးကလေးရဲ့ ရယ်မောပျော်ရွှင်ဖွယ် ရုပ်သံဗွီဒီယိုဖိုင်ကို ဗြိတိန်အခြေစိုက် မေရာသတင်းမှာ မတ်လ ၁၅ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီ ခွေးကလေးမောင်းနှင်လာတဲ့ လမ်းတလျှောက် တွေ့ရသူတွေဟာ ခွေးကလေးရဲ့ ရယ်မောပျော်ရွှင်စရာ စွမ်းရည်အတွက် လက်တွေဝှေ့ရမ်း နှုတ်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။ ဂိုးလ်ဒဲန်းရီထရီဗာ အမျိုးအစား ခွေးကလေးဟာ လိမ္မော်ရောင်တောက်တောက် နေကာမျက်မှန်ကို တပ်ထားခဲ့ပြီး ဆိုင်ကယ်ရဲ့ရှေ့မှာ ထိုင်လျက်သား မောင်းနှင်ခဲ့တာပါ။ သူတို့ဘေးက ဖြတ်မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်းတဦးက ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ရုပ်သံဗွီဒီယိုနဲ့ ရိုက်ကူးထားခဲ့တာလို့ သတင်းက ဆိုပါတယ်။ တနေရာမှာတော့ ခွေးကလေးဟာ လက်ကိုင်ကနေ ချော်ထွက်ပြီး ဆိုင်ကယ်ချော်ထွက်မလို ဖြစ်ခဲ့ပြီးနောက်မှာ လျှာတစ်လစ်ထွက်ကာ ပြန်ထိန်းမောင်းနှင်ခဲ့တာကို တွေ့ရပါတယ်။
5 years Ago
Up