ပိုချက်တီနိုနှင့် အဲရစ်ဆင်

September 28, 2019

ပိုချက်တီနိုနှင့် အဲရစ်ဆင်ကို ယူနိုက်တက်က ခေါ်ယူမည့်သတင်း ထပ်မံထွက်ပေါ်

ယူနိုက်တက်အသင်းဟာ တော့တမ်ဟမ်ဟော့ စပါးအသင်းနဲ့အတူ ဖိအားအောက်ရောက်ရှိနေတဲ့ မန်နေဂျာ ပိုချက်တီနိုကို ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။  ယူနိုက်အသင်းဟာ ဂန္တဝင်ကစားသမားဖြစ်တဲ့ ဆိုးရှားနဲ့အတူ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ဆိုးရှားနေရာမှာ ပိုချက်တီနိုကို အစားထိုးဖို့ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားမတိုင်ခင် မော်ရင်ဟိုလက်ထက်မှာကတည်းက ပိုချက်တီနိုကို စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားသားကို အသင်းသစ်မှာ မြင်တွေ့ရတော့မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာပါတယ်။  ပိုချက်တီနိုဟာ စပါးအသင်းနဲ့အတူ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့သူဖြစ်ပြီး ယူနိုက်တက်ကသာ သူ့ကိုခေါ်မယ်ဆိုရင် ပေါင် ၃၂ သန်းလောက် သုံးရနိုင်ဖွယ်ရှိနေပါတယ်။  ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆိုးရှားဟာ ဒီရာသီမှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရပေမယ့် ယူနိုက်တက်ဘက်ကတော့ သူနဲ့ ဒီရာသီမှာ လမ်းခွဲဖို့မရှိဘူးလို့ သိရပါတယ်။ နောက်ထပ်သတင်းတွေအရ ယူနိုက်တက်ဟာ နယူးကာဆယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ရှောင်လောင်းစတက်ကို စိတ်ဝင်စားနေတယ်လို့ သိရပြီး သူ့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။  ရာထူးအတွက် မသေမချာဖြစ်နေတဲ့ ဆိုးရားဟာ လောင်းစတက်ရဲ့ ပရိသတ်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။  ဒါပေမယ့် မအောင်မြင်ခဲ့တာကြောင့် အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ ထပ်မံကြိုးစားလာဖို့ ရှိနေပြီး စပါးနည်းပြ ပိုချက်တီနိုနဲ့အတူ ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာလည်း ယူနိုက်တက်ကို ရောက်ဖို့ရှိနေတယ်လို့ အင်္ဂလိပ်မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြနေကြပါတယ်။  ဒိန်းမတ်ကစားသမားဟာ စပါးအသင်းကနေ ထွက်ခွာတော့မယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုထားတာဖြစ်ပြီး သူ့ကိုစပိန်အင်အားကြီး ရီးရဲလ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။  ယူနိုက်တက်ဟာ အသင်းရဲ့နေရာစုံမှာ လိုအပ်ချက်တွေရှိနေတာဖြစ်ပြီး ပိုချက်တီနို၊ ရှောင်လောင်းစတက်နဲ့ အဲရစ်ဆင်တို့ထဲက ဘယ်သူက ယူနိုက်တက်ကို ရောက်ရှိလာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ============================ ပိုခ်က္တီႏိုႏွင့္ အဲရစ္ဆင္ကို ယူႏိုက္တက္က ေခၚယူမည့္သတင္း ထပ္မံထြက္ေပၚ DVB ယူႏိုက္တက္အသင္းဟာ ေတာ့တမ္ဟမ္ေဟာ့ စပါးအသင္းနဲ႔အတူ ဖိအားေအာက္ေရာက္ရွိေနတဲ့ မန္ေနဂ်ာ ပိုခ်က္တီႏိုကို ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ သတင္းေတြ ထပ္မံေပၚထြက္လာခဲ့ပါတယ္။ ယူႏိုက္အသင္းဟာ ဂႏၲဝင္ကစားသမားျဖစ္တဲ့ ဆိုးရွားနဲ႔အတူ ရလဒ္ေကာင္းရဖို႔ ႐ုန္းကန္ေနရတာျဖစ္ၿပီး ဆိုးရွားေနရာမွာ ပိုခ်က္တီႏိုကို အစားထိုးဖို႔ျပင္ဆင္လာတာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဆိုးလ္ရွားမတိုင္ခင္ ေမာ္ရင္ဟိုလက္ထက္မွာကတည္းက ပိုခ်က္တီႏိုကို စိတ္ဝင္စားခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားသားကို အသင္းသစ္မွာ ျမင္ေတြ႕ရေတာ့မလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။ ပိုခ်က္တီႏိုဟာ စပါးအသင္းနဲ႔အတူ ၿပီးခဲ့တဲ့ႏွစ္က ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ေရာက္ရွိခဲ့သူျဖစ္ၿပီး ယူႏိုက္တက္ကသာ သူ႔ကိုေခၚမယ္ဆိုရင္ ေပါင္ ၃၂ သန္းေလာက္ သုံးရႏိုင္ဖြယ္ရွိေနပါတယ္။ ထြက္ေပၚလာတဲ့ သတင္းေတြအရ ဆိုးရွားဟာ ဒီရာသီမွာ ပုံစံေကာင္းရဖို႔ ႐ုန္းကန္ေနရေပမယ့္ ယူႏိုက္တက္ဘက္ကေတာ့ သူနဲ႔ ဒီရာသီမွာ လမ္းခြဲဖို႔မရွိဘူးလို႔ သိရပါတယ္။ ေနာက္ထပ္သတင္းေတြအရ ယူႏိုက္တက္ဟာ နယူးကာဆယ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ေလး ေရွာင္ေလာင္းစတက္ကို စိတ္ဝင္စားေနတယ္လို႔ သိရၿပီး သူ႔ကို ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာေခၚယူဖို႔ ႀကိဳးစားလာႏိုင္ပါတယ္။ ရာထူးအတြက္ မေသမခ်ာျဖစ္ေနတဲ့ ဆိုးရားဟာ ေလာင္းစတက္ရဲ႕ ပရိသတ္တဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက ေခၚဖို႔ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ အခုဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ထပ္မံႀကိဳးစားလာဖို႔ ရွိေနၿပီး စပါးနည္းျပ ပိုခ်က္တီႏိုနဲ႔အတူ ကြင္းလယ္ကစားသမား အဲရစ္ဆင္ဟာလည္း ယူႏိုက္တက္ကို ေရာက္ဖို႔ရွိေနတယ္လို႔ အဂၤလိပ္မီဒီယာေတြမွာ အက်ယ္တဝင့္ ေဖာ္ျပေနၾကပါတယ္။ ဒိန္းမတ္ကစားသမားဟာ စပါးအသင္းကေန ထြက္ခြာေတာ့မယ္လို႔ အတိအလင္း ထုတ္ေဖာ္ေျပာဆိုထားတာျဖစ္ၿပီး သူ႔ကိုစပိန္အင္အားႀကီး ရီးရဲလ္အသင္းကလည္း စိတ္ဝင္စားေနပါတယ္။ ယူႏိုက္တက္ဟာ အသင္းရဲ႕ေနရာစုံမွာ လိုအပ္ခ်က္ေတြရွိေနတာျဖစ္ၿပီး ပိုခ်က္တီႏို၊ ေရွာင္ေလာင္းစတက္နဲ႔ အဲရစ္ဆင္တို႔ထဲက ဘယ္သူက ယူႏိုက္တက္ကို ေရာက္ရွိလာမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။
2 years Ago
Up