ပိုက်ကျော်ခြင်းအားကစားအဖွဲ့အနေနဲ့ လာမယ့်ဆီးဂိမ်းမှာ အမျိုးသားက ရွှေ ၁ ဆု၊ အမျိုးသမီးက ရွှေ ၁ ဆု ဆွတ်ခူးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ထိုင်းနိုင်ငံသားနည်းပြ ဆွမ်ကီယတ် (Somkiat) က ပြောပါတယ်။
လက်ရှိအချိန်မှာ ပိုက်ကျော်ခြင်းအားကစားက လာမယ့်ဆီးဂိမ်းမှာ အမျိုးသားကစားနည်း ၃ မျိုးနဲ့ အမျိုးသမီးကစားနည်း ၂ မျိုး ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပြီး ကစားသမား ၂၀ ကျော် စလွှတ်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
လက်ရွေးစင်ကစားသမားဟောင်းတွေ ပြန်လည်ပူးပေါင်းဖို့နဲ့ အခြား ကစားသမားကောင်းတွေ ထပ်မံရရှိလာဖို့ လာမယ့် ဒီဇင်ဘာလမှာ လူရွေးပွဲ ထပ်မံပြုလုပ်သွားဖို့ ရှိနေပါတယ်။
ပိုက်ကျော်ခြင်းအားကစားဟာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ အစဉ်အမြဲ ရယူပေးနေတဲ့ ကစားနည်းဖြစ်ပြီးတော့ လာမယ့်ဆီးဂိမ်းမှာလည်း ပွဲစဉ်တိုင်းမှာ ဆုတံဆိပ်တွေရနိုင်ဖို့ သေချာနေတယ်ဆိုပြီး နည်းပြတဦးကလည်း ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ထက်လူ
6 years Ago