ပိုက်ကျော်ခြင်း ကစားနည်းကနေ မျိုးဆက်သစ်ကစားသမားတွေ ထွက်ပေါ်လာရေး အဓိကရည်ရွယ်ပြီး လက်ရွေးစင်ကစားသမားတွေ ခြေစမ်းဖို့နဲ့ လက်ရွေးစင်ဟောင်း ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်ပေးရေး ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားပြိုင်ပွဲကို အောင်ဆန်းကွင်းမှာ ကျင်းပခဲ့ပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ ဒီဇင်ဘာ ၃ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ အသက် ၆၀ အရွယ်ထိ အလွတ်တန်းပြိုင်ပွဲတွေ ထည့်သွင်းကျင်းပခဲ့တဲ့အတွက် အသင်းပေါင်း ၈၀ ကနေ ကစားသမား ၅၀၀ ကျော် လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဇော်လတ်၊ အားထစ်တို့လို နာမည်ကြီး လက်ရွေးစင်တွေလည်း ဝင်ပြိုင်ခဲ့တာကြောင့် ပြိုင်ပွဲကောင်းတွေဖြစ်ခဲ့ပြီး လာရောက်ကြည့်ရှုသူ ပရိသတ်လည်း များပြားခဲ့ပါတယ်။
လက်ရွေးစင်တန်းမှာတော့ ဇော်လတ် ဦးဆောင်တဲ့ UPK အသင်းက ချန်ပီယံဖြစ်ခဲ့ပြီးတော့ အလွတ်တန်းမှာ ကာကွယ်ရေး (ဃ) အသင်း၊ လူသစ်တန်းမှာ ကာကွယ်ရေး (က) အသင်းတို့က ချန်ပီယံဖြစ်ခဲ့ပါတယ်။
အမျိုးသမီးပြိုင်ပွဲမှာလည်း လက်ရွေးစင်တန်းမှာ UPK အသင်းပဲ ဗိုလ်စွဲခဲ့သလို အလွတ်တန်းမှာလည်း ကာကွယ်ရေး (ဃ) အသင်းနဲ့ လူသစ်တန်းမှာ First Action အသင်းတို့ ဗိုလ်စွဲခဲ့ပါတယ်။
အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တက္ကသိုလ် လက်ရွေးစင် အသင်းကတော့ ပြိုင်ပွဲနီးကပ်နေလို့ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
4 years Ago