ပိုက်ဆံတောင်းရာမှ စကားများပြီး ဇနီးနှင့်

October 3, 2017

ပိုက်ဆံတောင်းရာမှ စကားများပြီး ဇနီးနှင့် မယားပါသမီး ၃ ဦးကို သတ်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် သရော်ချောင်းအုပ်စု ခိုင်ရွှေဝါကျေးရွာမှာ အောက်တိုဘာလ ၁ ရက်နေ့ ည ၁၂ နာရီလောက်က လင်မယားချင်း ပိုက်ဆံတောင်းရာက စကားများပြီး ဇနီးနဲ့ မယားပါသမီး ၃ ဦးကို ဓားနဲ့ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်လို့ ဘိုကလေးမြို့မရဲစခန်းမှူးက ပြေားပါတယ်။ “ခိုင်ရွှေဝါကျေးရွာနားက သဘက်ကြီးမြစ်ဘေးမှာ ယာယီတဲဆောက်ပြီး နေထိုင်တဲ့ ကျော်ဌေး (၃၆-နှစ်)ဟာ ဇနီး မသန်းညွန့် (၃၀-နှစ်)နဲ့ ည ၈ နာရီလောက်မှာ စကားများ ရန်ဖြစ်ခဲ့ပြီး အိမ်ပြင်ထွက်သွားခဲ့ကာ ည ၁၂ နာရီလောက်မှာ အိမ်ပြန်ရောက်လာပြီး အိပ်ပျော်နေတဲ့ ဇနီး မသန်းညွန့်နဲ့ မယားပါ သမီး ၃ ယောက် ဖြစ်တဲ့ မအေးသန္တာ (၁၅-နှစ်)၊ မအေးစန္ဒာ (၁၃-နှစ်)နဲ့ ပိစိ (၄-နှစ်)တို့ကို ဓားနဲ့ခုတ်သတ်ခဲ့တာ ဖြစ်တယ်”လို့ ဘိုကလေးမြို့မရဲစခန်းမှူး ဒုရဲမှူးငွေစိုးက ပြောပါတယ်။ ကိုကျော်ဌေးနဲ့ မသန်းညွန့်တို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မသန်းညွန့် ယောက်ျား သေဆုံးပြီးကတည်းက ထပ်မံအိမ်ထောင်ပြုခဲ့တာဖြစ်ပြီး သဘက်ကြီးမြစ်ထဲမှာပဲ ဂဏန်းထောင်တဲ့ အလုပ်ကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ သူတို့အိမ်ဘေးနား မြစ်ကမ်းဘေးမှာလည်း သူတို့လို ဂဏန်းထောင် အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ အိမ် ၂ အိမ်ရှိပေမယ့် အခင်းဖြစ်ပွားချိန်က ရေထရက်ဖြစ်နေလို့ အလုပ်တွေ သွားလုပ်နေကြလို့ အဲဒီအိမ် ၂ အိမ်မှာလည်း လူတွေ ရှိမနေခဲ့ဘူးလို့ ခိုင်ရွှေဝါကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။ လူ ၄ ယောက်ကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့ ကျော်ဌေးကိုတော့ ညတွင်းချင်းပဲ ဖမ်းဆီးရမိခဲ့ပြီး ဘိုကလေးမြို့မရဲစခန်းက (ပ) ၂၂၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ ဘိုကလေးမြို့မရဲစခန်းက သိရပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
4 years Ago
Up