ပိုကောင်းတဲ့အသင်း

December 17, 2020

ပိုကောင်းတဲ့အသင်းကအနိုင်ရဟု မော်ရင်ဟိုကို တုံ့ပြန်လိုက်သည့် အာနိုးလ်

ပိုကောင်းတဲ့အသင်းက ရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ မော်ရင်ဟိုရဲ့စကားကို လီဗာပူးညာနောက်ခံလူ အာနိုးလ်က ပြန်လည်ချေပပြီး  ပိုကောင်းတဲ့အသင်းသာ အနိုင်ရခဲ့တာလို့ တုံ့ပြန်ပြောကြားလိုက်  ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုက အဲ့ဒီလို ပြောခဲ့တာပါ။  ဒီပွဲမှာ အိမ်ရှင်အတွက် အဖွင့်ဂိုးကို ဆာလက်က သွင်းယူပေးခဲ့ပြီး ဆွန်ဟောင်မင်က စပါး အတွက် ပြန်လည်ချေပခဲ့ပါတယ်။ လီဗာပူးတိုက်စစ်မှူး ဖာမင်နိုရဲ့ နောက်ကျခေါင်းတိုက်ဂိုးက ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့တာ ဖြစ်ပြီး မော်ရင်ဟိုက သူ့အသင်းဟာ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ယူဆထားပါတယ်။  ဒီပွဲမှာ စပါးက ဘောလုံးပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့ပါတယ်။ လီဗာပူးက ဂိုးပေါက်တည့်တာ ၁၁ ကြိမ်အထိရှိခဲ့ပေမဲ့လည်း မော်ရင်ဟိုက သူ့ထုံးစံအတိုင်း သူ့ ပြိုင်ဘက်ကိုခနဲ့ခဲ့တာ ဖြစ်ပါတယ်။ ဒါကို အာနိုးလ်က သူ့တွစ်တာမှာ “ပိုကောင်းတဲ့ အသင်းက အနိုင်ရ ခဲ့တယ်” လို့ ရိုးရိုးရှင်းရှင်းရေးတင်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ပြောစကားကို ကလော့ပ်ကလည်း သတိပြုမိခဲ့ပြီး စပါးနည်းပြကြီးက အပြောင်အပျက်ပြောခဲ့တာလို့ပဲ တွေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။  “ဒီစကားက လုံးဝစိတ်အနှောင့်အယှက်ဖြစ်စရာမရှိပါဘူး။ သူက ပိုကောင်းတဲ့အသင်းက ရှုံးခဲ့တယ်လို့ ကျနော့်ကို လာပြောခဲ့တာကြောင့် သူ စိတ်မကောင်းဖြစ်နေတယ်လို့ထင်ပါတယ်။ သူနောက်နေတာလို့ ထင်ပေမဲ့ မဟုတ်ခဲ့ပါဘူး။ ကိစ္စကတော့ဒါပါပဲ” လို့ ကလော့ပ်က ပြောပါတယ်။ ဒီပွဲမှာ လီဗာပူးက final third ဧရိယာထဲမှာ ဘောလုံးပေးပို့မှု အကြိမ် ၂၀၀ ရှိခဲ့ပြီး စပါးအသင်းက ၁၉ ကြိမ်သာရှိခဲ့တာကိုလည်း ကလော့ပ်က နင်းပြီး ပြောခဲ့ပါသေးတယ်။   ဒါပေမဲ့ လီဗာပူးနည်းပြက ပြိုင်ဘက် စပါးအသင်းရဲ့ ကစားသမားတွေကိုတော့ မပျက်မကွက်ချီးကျူး ခဲ့ပါတယ်။ 
4 months Ago
Up