ပိုကီမွန်ဂိုး

September 10, 2016

ဘုရားကျောင်းတွင်း ပိုကီမွန်ဂိုးကစားသည့်ရုပ်သံ ဘလော့ပေါ်တင်သည့် ရုရှားဘလော့ဂါ အဖမ်းခံရ (ရုပ်သံ)

ရုရှားဘလော့ဂါ ရက်စ်လန် စိုကိုလဗ်စကီဟာ အော်သိုဒေါ့က်စ် ခရစ်ယာန် ဘုရားကျောင်းထဲမှာ သူကိုယ်တိုင် ပိုကီမွန်ဂိုးဂိမ်းကို ကစားနေပုံ ရုပ်သံကို ဘလော့ပေါ် တင်ခဲ့ပြီးတဲ့နောက် အဖမ်းခံရပါတယ်။ ယေကာတေရင်ဘာ့ဂ် တရားရုံးက သူ့ကို သောကြာနေ့မှာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အရင်အပတ်က အဖမ်းခံခဲ့ရတဲ့ သူ့ကို အမုန်းတရားလှုံ့ဆော်မှုနဲ့ ဘာသာရေး ခံစားချက်ကို စော်ကားမှု ပုဒ်မတွေနဲ့ တရားစွဲခဲ့တာပါ။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်စီရင် ခံရနိုင်ပါတယ်။ ပိုကီမွန်ဂိုး ကစားနည်းကို မဲရုံတွေ၊ နယ်စပ်အဆောက်အဦတွေ စတဲ့ သတ်မှတ်နေရာတွေမှာ ကစားတာ တရားမဝင်နိုင်ဘူးလို့ ရုရှား အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
5 years Ago
Up