လူအများအကြားမှာ ရေပန်းစားခေတ်စားနေတဲ့ ပိုကီမွန်ဂိမ်းက မှင်စာလေး အကုန် ဖမ်းဆီးဖို့ ဂိမ်းကစားသူတဦးက ကမ္ဘာတ၀န်း ခရီးထွက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပိုကီမွန်ဂိမ်းကို မိတ်ဆက်ပြီး သတင်းတပတ်အကြာမှာတော့ ကမ္ဘာတ၀န်း ခရီးထွက်ပြီး မှင်စာတွေအားလုံးကို နစ်ဂျွန်ဆင်က ဖမ်းဆီးကာ ပထမဆုံး ဂိမ်းကို ကျွမ်းကျင်စွာ ကစားနိုင်တဲ့သူတဦး ဖြစ်လာပါတယ်။
ကမ္ဘာတ၀န်းကို သွားလာပြီး ပိုကီမွန်းဖမ်းရတာဟာ ပျော်စရာကောင်းသလို ဖမ်းဆီးလိုက်တဲ့ နောက်ဆုံး အကောင်ကတော့ သားပိုက်ကောင်နဲ့ တူတဲ့ ကန်ကပ်စ်ရူးလို့ စီအန်အန်သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက ပြောပါတယ်။
ဒီအကောင်ကို သြစတြေးလျ ဆစ်ဒနီမှာ ဖမ်းဆီးခဲ့သလို မနက် ၄ နာရီအထိ မိုးရွာနေတဲ့ အေးစက်တဲ့ လမ်းပေါ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီလို ဖမ်းဆီးနေစဉ် တချို့ကလည်း လူမှုရေး ကွန်ရက်ကနေ မက်ဆေ့ခ်ျပို့ပြီး ဘာတွေ ဖြစ်နေသလဲလို့ မေးမြန်းတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
လိုက်ဖမ်းရာမှာ ဆောက်လုပ်ရေး လုပ်နေတဲ့နေရာတွေကို ရှောင်ကွင်းသွားပြီး နောက်ဆုံးမှာတော့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အကြိုက်ဆုံး ပိုကီမန်ကတော့ အီးဗီဖြစ်သလို အခန်းတွေကို မြန်မြန် ကျော်ချင်ရင်တော့ အားနည်းတဲ့ ပိုကီမွန်းတွေကို အရင်ဖမ်းဖို့ သူက အကြံ့ပြုထားပါတယ်။

ဒီဂိမ်းဟာ ကစားရင်းဆော့ရတဲ့ အတွက် တချို့နိုင်ငံတွေမှာ ပြဿနာတွေ ကြုံတွေနေရသလို တချို့နေရာတွေမှာတော့ မကစားဖို့ အမိန့်ထုတ်ထားတာတွေလည်း ရှိနေပါတယ်။
5 years Ago