ဖရန့်ဖတ်အသင်းက ရှုံးထွက်ဖလားပြိုင်ပွဲ အတွေ့အကြုံကောင်းတွေရှိတာကြောင့် သတိထား ကစားရမယ့်အသင်း ဖြစ်ပြီး အမှားကင်းကင်းဖြင့် ကစားရမယ်လို့ ဘိုင်ယန်နည်းပြ ဟမ်စီဖလင့်ခ်က ပြောပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ပိုကယ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန် ၁၁ ရက် မနက် ၁ နာရီ ၁၅ မှာ ဖရန့်ဖတ်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
ဖရန့်ဖတ်အသင်းဟာ မနှစ်က ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ ဂျာမန်ဖလားပြိုင်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့အသင်းဖြစ်ပြီး ကစားသမားတွေဟာလည်း အရည်အချင်းရှိတဲ့သူတွေဖြစ်တာကြောင့် တည်ငြိမ်မှုရှိရှိနဲ့ အမှားနည်းအောင်ကစားရမယ်လို့ နည်းပြ ဖလင့်ခ်က ပြောပါတယ်။
ဖရန့်ဖတ်နည်းပြ အဒီဟတ်တာကတော့ ဘိုင်ယန်နဲ့ပွဲမှာ အံ့အားသင့်စရာရလဒ်တခု ထွက်ပေါ်လာအောင် ကစားသွားမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လိဂ်ချန်ပီယံဆုဖလားကို ရယူဖို့လည်း အခြေအနေကောင်းနေပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားသုံးလုံးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
9 months Ago