ပိတ်မိနေသူ ၁၁ ဦး

October 30, 2020

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်၊ ပိတ်မိနေသူ ၁၁ ဦးအား ကယ်ထုတ်နိုင်ခဲ့

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၂၉ လမ်း၊ ၇၉ လမ်းနဲ့ ၈၀ လမ်းကြားရှိ စားသောက်ဆိုင်တခုက အလုပ်သမားအိပ်ဆောင်မှာ အောက်တိုဘာ ၃၀ ရက် မနက် ၂ နာရီ ၃၇ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ အလုပ်သမားတွေက ကြွပ်ကြွပ်အိတ်ထဲ ဖုန်း ၂ လုံးထည့်ပြီး အားသွင်းရာမှ အပူလွန်ကဲပြီး အောက်ရှိ ဂျပ်ဖာအဟောင်းတွေပေါ် ပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားရာကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေ ၆၀ ဦး၊ အရန် ၁၃၀ ဦးတို့နဲ့ သွားရောက်ငြိမ်းသတ်ခဲ့ရာ မနက် ၃ နာရီ ၁၇ မိနစ်မှာ မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကို Level 2 အဆင့် သတ်မှတ်ခဲ့ပြီး မီးလောင်မှုကြောင့် အပေါ်ထပ်ရှိ ပိတ်မိနေသူ ၁၁ ဦးအား အသက်ရှင်လျက် ရှာဖွေကယ်ထုတ်နိုင်ခဲ့ပါတယ်။ အလုပ်သမားအိပ်ဆောင်နဲ့ မီးဖိုဆောင် မီးလောင်ကျွမ်းခဲ့မှု စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ခြောက်ဆယ်ဖိုး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) ရဲစခန်းမှ ပိုင်ရှင် ဦးမြင့်ဆွေအား (ပ) ၄၂၉/၂၀၂၀၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သော်တာ  
2 years Ago
Up