ပိတ်မိနေသည့် မြန်မာ

A d v e r t i s e m e n t With Us

June 2, 2020

ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူးဝါနယူးဂီနီတွင် ပိတ်မိနေသည့် မြန်မာ ၈၃ ဦး ရန်ကုန်ပြန်ရောက်

ဩစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံနဲ့  ပါပူးဝါနယူးဂီနီနိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့  မြန်မာနိုင်ငံသား ၈၀ ကျော်ကို  မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ဇွန် ၁ရက်နေ့က  ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ မြန်မာနိုင်ငံသား ၈၃ ဦးကို  ဆစ်ဒနီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာတဲ့ (Myanmar Airways International-MAI) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပြီး  (၂၁)ရက်တာ အသွား အလာ ကန့်သတ် စောင့်ကြပ် quarantine ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီ ရပ်ဆိုင်း ထားချိန် ပြည်ပနိုင်ငံအသီးသီးမှာ  အခက်အခဲကြုံတွေ့ နေကြတဲ့  မြန်မာနိုင်ငံသားတွေကို အစိုးရက  ကယ်ဆယ်ရေးလေယာဉ်နဲ့  ပြန်ခေါ်ခဲ့ရာမှာ စုစုပေါင်း  ၂၈၃၀  ဦး ရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- MOFA
9 months Ago
Up