ပိတ်ပင်

July 16, 2021

အစိမ်းရောင် ဂျာစီဝတ်ဆင်ခြင်းကို အီတလီစီးရီးအေ ပိတ်ပင်

အီတလီစီးရီအေ ကလပ်တွေအနေနဲ့ လာမယ့်ရာသီကစတင်ပြီး အစိမ်းရောင်ဂျာစီ ဝတ်ဆင်ခွင့်ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ 

ဒီစည်းမျဉ်းသစ်ကို ဇွန် ၁၆ ရက်က အတည်ပြုခဲ့တာဖြစ်ပြီး အစိမ်းရောင်ဂျာစီကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာဟာ ရုပ်သံကုမ္ပဏီတွေရဲ့ တောင်းဆို ချက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 

မြက်ခင်းပြင်အစိမ်းရောင်နဲ့ ဂျာစီအစိမ်းရောင်ထပ်နေတဲ့ အပြင်ရုပ်သံတင်ဆက်မှုတွေ ပြုလုပ်ရာမှာလည်း ဂျာစီအစိမ်းရောင်က ရုပ်သံနောက်ခံက အစိမ်းရောင်နဲ့ ရောထွေးသွား တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 

အစိမ်းရောင်ဂျာစီကို အဓိကအခြေခံပြီး အိမ်ကွင်းဝတ်စုံအဖြစ် အသုံးပြုတဲ့ ဆက်ဆူလိုအိုအသင်းအတွက် မတူညီတဲ့ တခြားအရောင်နဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ရာသီမှာ အတ္တလန္တာအသင်းနဲ့ လာဇီယိုအသင်းတွေဟာလည်း အစိမ်း ရောင်ဂျာစီတွေကို အသုံးပြုခဲ့ပါတယ်။ 

3 months Ago

December 30, 2020

ထိုင်းတွင် ခရီးသွားများကို ဆွဲဆောင်ရာနေရာ ၂၅ ခုကို ပိတ်ပင်

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တွေ မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာ ၂၅ ခုကို ပိတ်ပင်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကိုတော့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်း (တီအေတီ)က ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါ တယ်။ ထိုင်းနိုင်ငံ ခရိုင် ၁၀ ခုထဲက ပိတ်ပင်ထားတဲ့ အဆိုပါ နေရာတွေကိုတော့ ယာယီ ပိတ်ပင်သွားမှာဖြစ်ပြီး ပြန်ဖွင့်နိုင်မယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ ၆,၆၉၀ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၆၁ ယောက် ရှိနေပါတယ်။ လတ်တလော ပိတ်ပင်လိုက်တဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာ ၂၅ ခုစာရင်း ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
  • Doi Phui Kho, Mae Hong Son
  • Thung Non Son flower field, Phitsanulok
  • Pao Tung farm, Nakhon Sawan
  • Wat Boromracha Kanchanapisek Anusorn (Wat Leng Noei Yi 2), Nonthaburi (closed until January 8)
  • Pong Leuk-Bang Kloy village, Phetchaburi
  • Phra Ram Ratchaniwet (Ban Puen Palace), Phetchaburi
  • Laem Phak Bia royal project, Phetchaburi
  • Tham Khao Luang cave, Phetchaburi
  • Guangzhou floating market, Phetchaburi
  • Sirinart Rajini Mangrove Ecosystem Learning Centre, Prachuap Khiri Khan
  • Kham Chanot, Udon Thani
  • Wat Pa Phu Kon, Udon Thani
  • Walking street, Udon Thani
  • Sai Kaew beach, Chonburi
  • Toei Ngam beach, Chonburi
  • Nang Ram and Nang Rong beaches Chonburi
  • Sor beach, Chonburi
  • Wat Khao Tabaek skywalk, Chonburi
  • Thai Island and Sea Natural History Museum and Samae San island, Chonburi (Closed until January 3)
  • Wang Chan Forest Learning Centre, Rayong
  • King Taksin the Great Knowledge Park, Rayong
  • Rayong Museum, Rayong
  • Phra Chedi Klang Nam mangrove forest and sky view tower, Rayong
  • Ban Nam Chiao community, Trat
  • Thai Red Cross Society's Rachakaroon Centre, Trat
10 months Ago
More News
Up