ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု

February 11, 2021

မြန်မာစစ်ခေါင်းဆောင်များကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများချမှတ်ဟု အမေရိကန်သမ္မတပြော (ရုပ်သံ)

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ အပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။ 

အမေရိကန်မှာရှိနေတဲ့ မြန်မာအစိုးရပိုင်ငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကို မြန်မာစစ်ဗိုလ်ချုပ်တွေ ယူလို့မရအောင် တားဆီးပိတ်ပင်ဖို့ အမေရိကန် အစိုးရက လုပ်ဆောင်သွားမယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောပါတယ်။ 

 အမေရိကန်အနေနဲ့ အာဏာသိမ်းဖို့ ညွှန်ကြားခဲ့တဲ့ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ အကျိုးစီးပွားတွေ၊ သူတို့ရဲ့ နီးကပ်တဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ပထမအကျော့ကို အခုသီတင်းပတ်အတွင်းမှာ လုပ်ဆောင်မှာဖြစ်ပြီး  မြန်မာပို့ကုန်တွေ အပေါ် ထိန်းချုပ်မှုတွေ ချမှတ်သွားမယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်အစိုးရကို အကျိုးရှိစေမယ့် ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်တာတွေလုပ်ဆောင်မှာ ဖြစ်ပေမယ့်  ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်းဆက်ကူညီသွားမယ်၊    မြန်မာပြည်သူတွေအတွက်အကျိုးရှိစေမယ့် အကူအညီတွေဆက်ပေးသွားမယ်လို့လည်း ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေအ ားလုံးကို ချက်ခြင်းလွှတ်ပေးဖို့လည်း အမေရိကန် သမ္မတက တောင်းဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း   တနိုင်ငံလုံးမှာ ဖြစ်ပွားနေပါတယ်။

10 months Ago
Up