ပိတ်ဆို့စစ်ဆေး

September 24, 2021

ပုသိမ်တွင် စစ်တပ်သတင်းပေး သေနတ်ဖြင့်အပစ်ခံရ၊ စစ်ကား ၈ စီးဖြင့် ပိတ်ဆို့စစ်ဆေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၀ ရပ်ကွက် ညောင်ချောင်းကျေးရွာမှာ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက စစ်တပ်အမာခံသတင်းပေး ၁ ဦး သေနတ်နဲ့ အပစ်ခံခဲ့ရပြီးနောက် ကျေးရွာကို စစ်ကား ၈ စီးနဲ့ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အမာခံသတင်းပေး အမျိုးသား ကိုကျော်သိန်းထွန်း နေအိမ်မှာ ရှိနေချိန် ညနေ ၅ နာရီလောက်က သေနတ်နဲ့ ၂ ချက်လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတဦးကပြောပါတယ်။

"သူ့အိမ်မှာပဲ သေနတ်နဲ့လာပစ်သွားတာ သွေးအိုင်ထဲလဲနေတာ တွေ့တယ်၊ သေလား ရှင်လားတော့ မသိဘူး၊ ဆေးရုံကားနဲ့ခေါ်သွားပြီ။ ခုတော့ စစ်သားတွေ ၂၀၀ လောက်ရောက်လာပြီး စစ်ဆေးတာ တွေ လုပ်နေတယ်'' လို့ ပြောပါတယ်။

စစ်တပ်အမာခံသ တင်းပေးအမျိုးသားဟာ သေနတ်နဲ့ပစ်ခတ်ခံရပြီး မိနစ်ပိုင်းမှာ ကျေးရွာကို စစ်ကား ၈ စီးနဲ့ စစ်သားအင်အားအပြည့်ရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်နေသလို ဧည့်စာရင်းစစ်ဖို့လည်းရှိတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အမာခံ သတင်းပေး သေနတ်နဲ့ပစ်ခတ်ခံရတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

2 months Ago

August 24, 2020

ရခိုင်တွင် ကိုဗစ်ကူးစက်သူတိုးလာနေ၍ မကွေးတိုင်း နေရာ ၂၉ ခု၌ ပိတ်ဆို့စစ်ဆေး

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ တိုးမြင့်လာနေတာကြောင့် ထိစပ်နယ်မြေဖြစ်တဲ့ မကွေးတိုင်းအတွင်းက နေရာ ၂၉ ခုမှာ ခရီးသည်ဝင်ရောက်မှုမရှိစေရေး ပိတ်ဆို့စစ်ဆေးနေတယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ရခိုင်ပြည်နယ်ဘက်က ခရီးသွားတွေ ဝင်ရောက်မှုမရှိအောင် မကွေးတိုင်းဒေသကြီး နယ်မြေအတွင်းက နေရာ ၂၉ ခုမှာ အဖွဲ့ပေါင်းစုံနဲ့ ပိတ်ဆိုစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ "ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ အထောက်ထားမဲ့ ဘင်္ဂါလီ နှစ်ဦးဝင်ရောက်လာလို့ အမ်းမြို့နယ်လဝက ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်။ ရခိုင်ပြည်နယ်ဘက်ကနေ ဆိုင်ကယ်တွေ၊ကားတွေနဲ့ လာရောက်တာကို တားမြစ်ထားသလို အရေးပေါ်ကျန်မာရေးအခြေနေကြောင့် လာရောက်မယ်ဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ထောက်ခံချက်ပါမှသာ ခွင့်ပြုပေးမှာ” လို့ ပြောပါတယ်။ ကုန်ကားတွေကိုတော့ လူအပိုတင်တာကို ခွင့်မပြုဘဲ ကုန်စည်စီးဆင်းမှု အခြေအနေအရ ဖြတ်သန်း ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ အသိပညာပေးတာတွေ၊ တိုင်းအစိုးရရဲ့ အထောက်ပံ့နဲ့ နှာခေါင်းစည်း Mask တွေ အခမဲ့ဝေငှပေးတာတွေ လုပ်ဆောင်နေသလို ပြည်သူတွေအနေနဲ့လည်း မိမိအသိစိတ်နဲ့ နှာခေါင်းစည်း Mask တွေတပ်ဆင်ကြဖို့ လိုအပ်တယ်လို့ ရဲမှူးကြီး လှိုင်တင့်က ပြောပါတယ်။ မကွေးတိုင်းမှာ ကိုဗစ်ကာလအတွင်း ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့အမှုပေါင်း ၂၉ မှု၊ ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်နွှယ်တဲ့ အမှုပေါင်း ၂၃ မှု အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း-မင်းထီး
1 year Ago
Up