ပိတ်ခံထားရခြင်း

February 17, 2020

ရေနံမြေများ ပိတ်ခံထားရခြင်းကြောင့် ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်ရမည်ဟု လစ်ဗျားအစိုးရ ပြော

လစ်ဗျားနိုင်ငံတွင်း ရေနံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကို နိုင်ငံအရှေ့ပိုင်းအခြေစိုက် ဗိုလ်ချုပ်ကြီးခါလီဖှာဟဲ့ဖှ်တာရဲ့ တပ်တွေက ပိတ်ဆို့ထားတာကြောင့် ၂၀၂၀ ပြည့်နှစ်ထဲမှာ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရသုံးမှန်းခြေ ငွေစာရင်း လိုငွေပြတာတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ လစ်ဗျားရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ ရေနံမြေတွေ အဝိုင်းခံရပြီးတည်းက လစ်ဗျားရဲ့ ရေနံ ထုတ်လုပ်မှုနှုန်း သိသိသာသာ ကျဆင်းခဲ့တာပါ။ ရေနံစိမ်းထုတ်လုပ်မှု တရက်ကို စည်ပေါင်း ၁၆၃,၀၀၀ ကျော်အထိ ကျဆင်းသွားတယ်လို့ အစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) က ပြောပါတယ်။ ရေနံထွက်နှုန်းဟာ အရင်က တရက်ကို စည်ပေါင်း ၁ ဒသမ ၂ သန်း ထွက်ရာက ဆက်ပြီး ပိတ်ဆို့ခံထားရရင် တရက်ကို ရေနံစိမ်းစည် ၇၂,၀၀၀ အထိ ကျဆင်းသွားမယ်လို့ NOC က ပြောပါတယ်။ လစ်ဗျားအရှေ့ပိုင်း အခြေစိုက်တပ်တွေက စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးကို သစ္စာခံပြီး မြို့တော် ထရီပိုလီအခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု အစိုးရကိုတော့ ပြိုင်ဘက် တပ်တွေက မဟာမိတ်ပြုထားရင်း လစ်ဗျားနိုင်ငံမှာ အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်တို့ နှစ်ခြမ်းကွဲရင်း တိုက်ခိုက်နေကြပါတယ်။
1 year Ago
Up