ပိတ်မိနေသူ ၃ ဦး

June 4, 2018

ကီလောင်အဲမီးတောင် ချော်ရည်ကြား ပိတ်မိနေသူ ၃ ဦးကို ကယ်တင်

မေလ ၃ ရက်နေ့ကတည်းက အကြီးအကျယ် ပေါက်ကွဲနေတဲ့ ဟာဝိုင်ယီကျွန်းက ကီလောင်အဲမီးတောင် အန္တရာယ်ကြောင့် လူတချို့ကို ကယ်ဆယ်ပေးခဲ့ရပါတယ်။ မီးတောင်ချော်ရည်တွေရဲ့ အန္တရာယ်ကြားထဲမှာ ပိတ်မိနေတဲ့ လူ ၃ ဦးကို ဇွန်လ ၃ ရက်နေ့က လေကြောင်းကနေ အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့တာပါ။ မီးတောင်ချော်ရည်တွေဟာ ကျွန်းရဲ့ အရှေ့ဘက်ပိုင်းက လမ်းတွေကို ပိတ်ဆို့မှုမဖြစ်ခင် ဇွန်လ ၂ ရက်နေ့မှာ တာဝန်ရှိသူတွေအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြင် လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ မီးတောင်ရဲ့အရှေ့ပိုင်း အောက်ခြေအက်ကွဲကြောင်းက ထွက်လာတဲ ချော်ရည်တွေ ရောက်မလာခင် မေလ ၃၀ ရက်နေ့ကတည်းက အဲဒီဧရိယာအတွင်း နေထိုင်ကြသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။
4 years Ago
Up