ပိတ်မိနေသူ

September 9, 2018

ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ပိတ်မိနေသူ ၄ ဦးကို ကယ်ထုတ်ရေး အခက်အခဲဖြစ်နေ

မ​ကွေးတိုင်း ​ဆောမြို့နယ်​က ​ကျောက်​မီး​သွေးတွင်း​ပေါက်​ကွဲမှုဖြစ်​စဉ်​က ပိတ်​မိ​နေသူ ​လေးဦးကို ပြန်​လည်​ဆယ်​ယူနိုင်​ဖို့ အခက်​ခဲဖြစ်​​နေပါတယ်။ ​ဆောမြို့နယ်​ရဲ တပ်​ဖွဲ့မှူး ရဲမှူး​ဇော်​လင်းက "​ကျောက်​မီး​သွေးတွင်းက​နေ မီးလုံးကြီး ထွက်​လာတယ်​လို့ သိရတယ်။ ၊သဘာဝဓာတ်ေ​ငွေ့နဲ့ စပန့်​စ တခုခုထိ​တွေပြီး ​ပေါက်​ကွဲတာလို့ သုံးသပ်​ရပြီး အ​သေးစိတ်​ကို စုံစမ်းစစ်​​ဆေးမှု​တွေလုပ်​​ဆောင်​​နေတယ်​။ သတ္တုတွင်း ဦးစီးဌာနကလည်း စစ်​​ဆေးမှု​တွေ လုပ်​​နေတယ်​” လို့ ဒီဗွီဘီကို​ ပြောပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီး သယံဇာတဝန်​ကြီး ဦးမြင့်​​ဇော်​က "နည်းပညာသုံးစွဲမှု အ​နေထား အားနည်းတာ ​တွေ့ရတယ်​။ ထွက်​လာတဲ GAS ကို ထုတ်​နိုင်​တဲ့ ​အကူ​လေ​ပေါက်​၊ ထွက်​​ပေါက်​ အလုပ်​လုပ်​မှု အားနည်းတယ်​။ ပရိုစီဂျာ အသစ်​အရ အလုပ်​သမား​တွေအတွက်​ လူမှုဖူလုံ​ရေးရန်​ပုံ​ငွေ ​ကောက်​ခံထား တာရှိတယ်​။ ဖြစ်​သွားပြီဆို​တော့လည်း နိုင်​ငံသူနိုင်​ငံသား​တွေဖြစ်​တဲ့အတွက်​ ကျန်းမာ​ရေးကအစ အစိုးရမှာ လုံးလုံး တာဝန်​ရှိပါတယ်​” လို့ ပြောပါတယ်​။ ​စက်​တင်​ဘာလ ၆ ရက်​​နေ့က ထွန်းရာဇ ​ကျောက်​မီး​သွေးတူး​ဖော်​​ရေး ကုမ္ပဏီမှာ ​ပေါက်​ကွဲမှုဖြစ်​ပြီး ​လေးဦး​သေဆုံး၊တစ်​ဦးအပြင်းထန်​ ဒဏ်​ရာရရှိကာ ​လေးဦး ပိတ်​မိ​နေတာပါ။
3 years Ago
Up