ပိတ်မိနေသည့်ကလေးငယ်

July 30, 2019

အိမ်တလုံးထဲ ပိတ်မိနေသည့် ဆယ်ကျော်သက်မိန်းကလေး ၈ ယောက်အကြောင်း သွေးပျက်ထိတ် လန့်ဖွယ်ရုပ်ရှင်(နမူနာ)

သွေးပျက်ထိတ်လန့်ဖွယ် Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Ladyworld ရုပ်ရှင်ကို လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Amanda Kramer က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Cleopatra Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် မိန်းကလေး ၈ ယောက်ဟာ မွေးနေ့ပါတီတခုကျင်းပခဲ့ကြပြီး ထင်မှတ်မထားတဲ့ အင်အားပြင်းငလျင်တခုကြောင့် အိမ်တလုံးထဲမှာ သူတို့ချည်း သီးခြား ပိတ်မိနေခဲ့ပါတယ်။ ကူကယ်ရာမဲ့ အခြေအနေထဲမှာ အစာရေစာတွေပါ တဖြည်းဖြည်း ပြတ်လပ်လာချိန်မှာတော့ သူတို့ဘယ်လိုဆက်လက်ရှင်သန်ကြမလဲ။ ပူးပေါင်းပြီး လွတ် မြောက်ဖို့ ကြိုးစားကြမှာလား။ တကယ်ဒုက္ခရောက်တဲ့ အချိန်မျိုးဆို ထွက်ပေါ်လာတတ် လူတွေရဲ့ ပင်ကိုအတွင်းစိတ် အတ္တတွေကြောင့် ထိန်းချုပ်မရတဲ့ တကိုယ်ကောင်း ဆန်မှု တွေ၊ ပဋိပက္ခတွေအဖြစ် ပြောင်းလဲသွားချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ဒီကားထဲမှာ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ Ariela Barer ၊ Annalise Basso ၊ Ryan Simpkins ၊ Odessa Adlon ၊ Maya Hawke ၊ Tatsumi Romano ၊ Zora Casabere နဲ့  Atheena Frizzell တို့က ခေါင်းဆောင်ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့        ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ BFI London Film Festival နဲ့ Toronto International Film Festival တွေမှာ ပြသခဲ့ပြီး ချီူးကျူးမှုတွေ လည်း ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
2 years Ago
Up