ပိတ်ထား

June 27, 2018

လေယာဉ်ပြေးလမ်း ရေလွှမ်းမိုးသဖြင့် တာချီလိတ်လေဆိပ် ပိတ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တာချီလိတ်မြို့မှာရှိတဲ့ လေဆိပ် လေယာဉ်ပြေးလမ်း ရေလွှမ်းမိုးနေလို့ ဇွန် ၂၇ ရက် ဒီနေ့မှာ လေဆိပ်ကို ယာယီပိတ်ထားရကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ တာချီလိတ်မြို့မှာ ဇွန် ၂၆ ရက်က  မိုးရေချိန် ၆ ဒသမ ၅၇ လက်မ ရွာသွန်းခဲ့လို့  တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်းမှာ ရေ ၃ လက်မလောက် မြင့်တက်လာတဲ့အတွက် ယာယီပိတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီနေ့ ရာသီဥတုအခြေအနေအရတော့ လေဆိပ်ပိတ်ချိန် ထပ်တိုးနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးရုံးသတင်းမှာ ဖော်ပြပါတယ်။ လေယာဉ်ပြေးလမ်းပေါ်က ရေတွေ ပြန်လည်ကျဆင်းသွားအောင် လေကြောင်းဦးစီးဌာန ၀န်ထမ်းတွေ လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရေစုပ်စက်တွေနဲ့ စုပ်ထုတ်နေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ လေယာဉ်ပြေးလမ်းရှိ ရေလွှမ်းမိုးမှုဟာ တဝက်လောက် ပြန်လည်ကျဆင်းသွားပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ - လေကြောင်းဦးစီးဌာန
3 years Ago

January 18, 2018

မြောက်အိုင်ယာလန်တွင် ဆီးနှင်းထူထပ်မှုကြောင့် ကျောင်း ၂၈၀ ကျော် ပိတ်ထား

ဗြိတိန်နိုင်ငံ မြောက်အိုင်ယာလန်မှာ ဆီးနှင်းထူထပ်မှုကြောင့် ဇန်နဝါရီ ၁၇ ရက်နေ့က စာသင်ကျောင်း ၂၈၀ ကျော်ကို ပိတ်ထားရပါတယ်။ မြောက်အိုင်ယာလန် အရှေ့ကမ်းရိုးတန်းက ဒေါင်းပြည်နယ်စီရင်စုမှာ ကွင်းပြင်တွေကို နှင်းတွေ ဖုံးလွှမ်းနေတာ မြင်တွေ့ရပါတယ်။ အစိုးရ မိုးလေဝသဌာနက ဇန်နဝါရီ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကို အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဝါရောင်အဆင့် သတိပေးချက်ဟာ နောက်ဆက်တွဲ မိုးလေဝသ ခန့်မှန်းချက်တွေကို စောင့်ကြည့်ဖို့ဖြစ်ပြီး ရာသီဥတု အခြေအနေဟာ အပြောင်းအလဲ ဖြစ်နိုင်သလို ပိုပြီး ဆိုးလာနိုင်တယ်လို့လည်း ဒေသခံ မိုးလေဝသဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up