ပိတ်ခံရသည့် ကျားဘုန်းကြီးကျောင်းမှ ကျားပေါက် ၄၀ ထက်မနည်း အသတ်ခံရ

A d v e r t i s e m e n t With Us

June 1, 2016

ပိတ်ခံရသည့် ကျားဘုန်းကြီးကျောင်းမှ ကျားပေါက် ၄၀ ထက်မနည်း အသတ်ခံရ

တရားမ၀င်တဲ့ လုပ်ငန်းဝန်ဆောင်မှုနဲ့ သားရိုင်းတိရစ္ဆာန်တွေကို ထိရောက်တဲ့ ပြု စုစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုတဲ့ အချက်တွေကြောင့် မကြာသေးခင်ကမှ လိုင်စင်ပိတ် သိမ်းခံခဲ့ရတဲ့ နာမည်ကျော် ထိုင်းကျားဘုန်းကြီးကျောင်းထဲမှာ ကျားပေါက်ကောင်ရေ ၄၀ ထက်မနည်း သေဆုံးနေတာကို ဒီကနေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရပါတယ်။ ပုံထဲမှာမြင်ရတဲ့အတိုင်း ကျားပေါက်ကလေးတွေဟာ အတန်းလိုက်သေဆုံးနေကြ တာဖြစ်ပြီး ဒါဟာ မကြာသေးခင်ကမှ အသတ်ခံရတာဖြစ်နိုင်တယ်လို့ ထိုင်းအခြေစိုက် Khaosod သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီသတင်းဟာ မနက်ပိုင်းက ဓာတ်ပုံသတင်းထောက် ဒါရီယို ပစ်ဂ်နာတယ်လီက တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကျန်ရှိနေသေးတဲ့ ကျားကလေးတွေရဲ့ ပုံကို တင်ခဲ့ပြီးနောက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ ဘုန်းကြီးကျောင်းအနေနဲ့ မွေးမြူထားတဲ့ ကျား ၁၄၇ ကောင်ကို ရွှေ့ပြောင်းထိန်း သိမ်းခံထားရပြီး ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာတော့ ကျန်ရှိနေတဲ့ ကျားကောင်ရေ ၄၀ ကို ရက်ချဘူရီ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးစခန်းဆီကို ပို့ဆောင်ထားခံခဲ့ရတာပါ။ ကျားဘုန်းကြီးကျောင်းဟာ တရားမ၀င် တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှု၊ ညှဉ်း ပန်းနှိပ်စက်မှုတွေအပါအ၀င် စွဲချက်တွေကြောင့် နှစ်ကာလရှည်မွေးမြူထားတဲ့ ကျားတွေ ရွှေ့ပြောင်းခံခဲ့ရကာ လိုင်စင်သိမ်းခံခဲ့ရတာပါ။ ဘုန်းကြီးကျောင်းကတော့ အဲဒီစွဲချက်တွေကို ငြင်းပယ်ထားခဲ့ပေမယ့် ခုလိုကျား ပေါက်လေးတွေ လတ်တလော အသတ်ခံခဲ့ရတာကတော့ တရားမ၀င်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့သလားဆိုတဲ့ အချက်အတွက် မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတခု ဖြစ်လာခဲ့ပါတယ်။ ၀ပ်ပါလောင်တဘူ ဘုန်းကြီးကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဟာ ကျောင်းဝင်းအတွင်း မွေးမြုထားတဲ့ ကျားတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသား ဥယျာဉ်ဆိုင်ရာ ဦးစီးဌာနနဲ့ နှစ်ပေါင်းများစွာ အတိုက်အခံရင်ဆိုင်နေခဲ့တာပါ။
5 years Ago
Up