ပိတောက်သပိတ်

April 7, 2021

မန္တလေးက ပူးပေါင်းသပိတ်စစ်ကြောင်းများ ပိတောက်သပိတ်ပြုလုပ် ချီတက်

မန္တလေးလေးမြို့မှာ ဒီနေ့ မနက်ပိုင်းက ဗကသများအဖွဲ့ချုပ်၊ ပညာရေးမိသားစုသပိတ်စစ်ကြောင်း၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်းနဲ့ အထက(၇)ကျောင်းသား/သူဟောင်းများစစ်ကြောင်းတို့ ပူးပေါင်းပြီး ပိတောက်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

သပိတ်စစ်ကြောင်းအသီးသီးဟာ တော်လှန်ရေးကို ကြိုဆိုဖူးပွင့်ကြတဲ့ ပိတောက်ပန်းတွေကို ကိုင်ဆောင်ပြီး ဖက်ဆစ်အကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုများကို စိန်ခေါ်ချီတက်ခဲ့ကြပါတယ်။

စစ်အုပ်စုဘက်က မည်မျှပင် အကြမ်းဖက်ဖိနှိပ်နေစေကာမူ လူထုအသံမှာ လမ်းမများထက်မှာ ဟိန်းထွက်လျက်၊ အရေးတော်ပုံအောင်ရမည်ဟူသော ကြွေးကြော်သံကို ဟစ်ကြွေးနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

1 month Ago
Up