ပါဝင်ယှဉ်ပြိုင်

October 7, 2017

အာဆီယံအော်တစ်ဇင်အားကစားပြိုင်ပွဲ မြန်မာအားကစားသမားများ ပါဝင်ယှဉ်ပြိုင်

အာဆီယံအော်တစ်ဇင်အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက် Youth Centre ကွင်းမှာ ဒီကနေ့ကစပြီး ၂ ရက် ကျင်းပနေပြီး မြန်မာအားကစားသမား ၃၆ ယောက် ပါဝင်ယှဉ်ပြိုင်နေပါတယ်။ အဲ့ဒီအတွက် အာဆီယံအော်တစ်ဇင် Network အတွင်းမှာ ပါဝင်တဲ့ နိုင်ငံတွေထဲက အော်တစ်ဇင် အားကစားသမား ၆၀၀ ကျော်ဟာ ရေကူး အပြေး ဘတ်တံရိုက် ပြိုင်ပွဲတွေနဲ့ မိသားစုလိုက် ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ အာဆီယံ နှစ် ၅၀ ပြည့်နဲ့ ထိုင်းနဲ့ဂျပန်နိုင်ငံရဲ့ နှစ်ပေါင်း ၁၃၀ ပြည့် သံတမန်ဆက်ဆံရေး အထိမ်းအမှတ် အခမ်းအနားနဲ့အတူ အာဆီယံအော်တစ်ဇင်ပြိုင်ပွဲ ဖွင့်ပွဲကိုလည်း ပြူလုပ်ခဲ့ပါတယ်။ အားကစားပြိုင်ပွဲတွေကိုတော့ နေ့လယ်ပိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု ဉာဏ်ရည်မသန်စွမ်း အော်တစ်ဇင် အားကစားသမား ၃၈ ယောက်ထဲက ၂ ကတော့ ကျန်းမာရေးအခြေအနေအရ ပြိုင်ပွဲမှာမပါဝင်နိုင်ပေမယ့် ကျန်တဲ့အားကစားသမား ၃၆ ယောက်ကတော့ ရေးကူးနဲ့ အပြေးမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။
4 years Ago
Up