တောင်ကိုရီးယားနိုင်ငံမှာ ဇန်နဝါရီ ၆ ရက်နေ့က စတင်ကျင်းပတဲ့ ရေခဲပြင်ငါးမျှားပွဲတော်မှာ လူ ၁ သိန်းကျော် ဆင်နွှဲခဲ့ကြပါတယ်။
အပူချိန် သုညဒီဂရီစင်တီဂရိတ်အာက်ရောက်နေတဲ့ အအေးဒဏ်ကို အန်တုပြီး ရေခဲနေတဲ့ ရေအိုင်က ငါးမျှားပွဲမှာ ကိုယ်တိုင်ငါးမျှားသူ၊ လာရောက်ကြည်ရှုသူ လူ ၁ သိန်း ၃ သောင်း ၃ ထောင် အနည်းဆုံး ပါဝင်ဆင်နွဲခဲ့ကြတာလို့ ပွဲစီစဉ်သူတွေက ပြောကြားပါတယ်။
ဆန်းချဲနေးအို လို့ခေါ်တဲ့ ရေခဲပြင်ငါးမျှားပွဲတော်ကို ဆိုးလ်မြို့ရဲ့ ၇၅ မိုင်အကွာမှာရှိတဲ့ ဟွာချန်းဒေသမှာ ဇန်နဝါရီ ၂၈ ရက်နေ့ထိ ကျင်းပမှာဖြစ်ပါတယ်။
3 years Ago