ပါဝါဘန့်ခ်
January 30, 2022
ထီးချိုင့်တံတားတွင် ပါဝါဘန့်ခ်ကို ဖောက်ခွဲရေးပစ္စည်းဆိုပြီး စစ်တပ်က ရှာဖွေသိမ်းဆည်းနေ
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့က ဧရာဝတီတံတား(ထီးချိုင့်)မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့‌ဝင်တွေနဲ့ ရဲတွေ ပူးပေါင်း ရှာဖွေ စစ်ဆေးနေပြီး ပါဝါဘန့်ခ်တွေကို ဖောက်ခွဲရေးသုံးပစ္စည်းအနေနဲ့ စွပ်စွဲသိမ်းဆည်းနေတယ်လို့ ထီးချိုင့်မြို့ခံတွေက ပြောပါတယ်။
ဧရာဝတီတံတား (ထီးချိုင့်)ရဲ့ ထိပ်တွေမှာ ကင်းအဆောက်အဦတွေ ထားရှိစစ်ဆေးနေတာဖြစ်ပြီး ယခင်ရက်တွေကတော့ စစ်ဆေးရှာဖွေမှုတွေ ရှိပေမယ့် ပြည်သူတွေရဲ့ပစ္စည်းတွေကို သိမ်းဆည်းယူငင်တာမရှိဘူးလို့ ဒေသခံ‌ပြည်သူတစ်ဦးက ပြောပါတယ်။
"သူတို့ကတော့ ဒါမိုင်းထောင်လို့ရတယ်ဆိုပြီးတော့ သိမ်းတာပဲ၊ ရဲတွေ အရင်ရက်တွေကတော့ ဘယ်ကလဲ ဘာညာမေးပြီးရင် သွား၊ မောင်း အဲ့လိုပဲပြီးတာ ဒီကနေ့ကတော့မရဘူး၊ အကုန်လုံး တစ်ယောက်ချင်းစီကို စိစစ်နေတာပဲ" လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
ထီးချိုင့်မြို့တွင်းမှာလည်း ပြည်သူအများစုက ထိတ်လန့်ကြောက်ရွှံ့မှုကြောင့် လမ်းပေါ်ထွက်တာ နည်းပါးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထီးချိုင့်တံတားထိပ် ဂိတ်တဲတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းကတော့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ပြုလုပ်မယ့် Silent Strike မှာ မပါဝင်ကြဖို့ နဲ့ ဆိုင်တွေမဖွင့်ပါက အရေးယူမယ်ဆိုပြီး အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့တယ်လို့လည်း သိရပါတယ်။
"သူတို့အော်လည်း ပြည်သူတွေကတော့ ဘယ်သူမှ ထွက်လိမ့်မယ်လို့ မထင်ဘူးဗျ။ ဖွင့်လည်း ဘယ်သူမှ ထွက်မှာမထင်ဘူးဗျ။ ဆိုင်တွေမဖွင့်ရင် အရေးယူလည်း ဆိုင်သမားတွေကတော့ ဆိုင်ဖွင့်ပြီး ငုတ်တုပ်ထိုင်နေလိုက်မှာပဲ၊ ပြည်သူတွေကတော့ တစ်ယောက်မှ ထွက်မှာမဟုတ်ဘူး” လို့ မြို့ထံတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်(ဖေ့စ်ဘွတ်ခ်)
10 months Ago
August 7, 2019
ဘန်ကောက်မြို့လယ် ပတူနမ့်ဈေးထဲတွင် ပေါက်ကွဲစေတတ်သည့် ပါဝါဘန့်ခ်တခု တွေ့ရှိ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင် ပတူနမ့်ဈေးကြီးထဲမှာ ဒီနေ့မနက်က ပေါက်ကွဲစေတတ်တဲ့ အရာဝတ္တုတခု ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဲဒီ ပတူနမ့်ဈေးကြီးထဲမှာ အရင်အပတ်က ပေါက်ကွဲစေတဲ့ အရာတခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒီနေ့မနက်မှာလည်း မီးလောင်တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ အရာဝတ္ထုနဲ့ အလားသဏ္ဌာန်တူတဲ့အရာကို တွေ့ရှိခဲ့တာပါ။ ဖယာထိုင်းနယ်မြေ ရာ့ချ်ပဆုန်လမ်းရှိ ပတူနမ့်ဈေး တိုက်ခန်းအမှတ် ၃၁၄/၄ ရှိ အထည်ဆိုင်တဆိုင်မှာ ထူးဆန်းတဲ့ အရာဝတ္ထုတခု တွေ့ရှိကြောင်း ဆိုင်ရှင်ဖြစ်သူက အကြောင်းကြားတဲ့အတွက် နယ်မြေရဲတပ်ဖွဲ့နဲ့ မိုင်းရှင်းလင်းရေး အဖွ့ဲဝင်တွေဟာ ဒီနေ့မနက် ၉ နာရီလောက်က အဲဒီနေရာကို သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးရာ ဈေးရောင်းခုံအောက် အထည်တွေကြားမှာ တွေ့ရှိတဲ့ အဲဒီအရာဝတ္ထုဟာ ပေါက်ကွဲမီးလောင်စေတဲ့ ပါဝါဘန့်ခ် (Power Bank) တခုဖြစ်ပြီး သြဂုတ် ၁ ရက်နေ့က ဆယမ်စကွဲနဲ့ ပတူနမ့်ဈေးရှိ နေရာ ၃ ခု မီးလောင်မှုဖြစ်ပွားတဲ့နေရာက အရာဝတ္ထုတွေနဲ့ သဏ္ဌာန်တူကြောင်း၊ ဒါကြောင့် ၁ ရက်နေ့က ဖောက်ခွဲမှုရဲ့ အကြွင်းအကျန်ဖြစ်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအရာဝတ္ထု တွေ့ရှိပြီးနောက် တာဝန်ရှိသူတွေဟာ မိုင်းရှင်းကိရိယာ၊ အနံံ့ခံခွေးတွေနဲ့ အဲဒီနေရာ အနီးတဝိုက်ကို ထပ်မံရှာဖွေ စစ်ဆေးမှုတွေ ပြုခဲ့ကြပါတယ်။
3 years Ago
Up