ပါဝင်လာ

February 10, 2021

ဝိုင်းမော် CDM လှုပ်ရှားမှုတွင် ဌာနဆိုင်ရာ၀န်ထမ်းပေါင်းစုံ ပါဝင်လာ

ကချင်ပြည်နယ်ဝိုင်းမော်မြို့မှာ စစ်အစိုးရ အလိုမရှိကြောင်း ဖော်ပြတဲ့  ဖေဖော်ဝါရီ ၁၀ ရက်နေ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ  ရက်အရောက်မှာတော့ ဌာနပေါင်းစုံ၀န်ထမ်းတွေ ပါ၀င်လာခဲ့ပါတယ္။

ဝိုင်းမော်ဒေသခံ စည်ပင်သာယာ၀န်ကြီး ဦးနော်လီ ဖမ်းဆီးထိန်းသိမ်းခံထား‌ နေရချိန် ဝိုင်းမော်မြို့မှာ Civil Disobedience Movement ကို စည်ပင်သာယာ ၀န်းထမ်းတွေ စတင်ခဲ့ရာမှ အခုအခါ ပညာရေး၊ ထွေအုပ်၊ စာရင်းစစ်၊ စာတိုက်၊ အားကာ နဲ့ ကျန်းမာရေးဌာနတို့လည်း ပါ၀င်လာခဲ့တာဖြစ်ပါတယ်။

Hpare Zungkyang

3 months Ago

August 20, 2020

ဘဲလာရုစ်သမ္မတကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း နိုင်ငံပိုင်စက်ရုံလုပ်သားများ ပါဝင်လာ

ဘဲလာရုစ်သမ္မတ လူကာရှန်ကို ဆန့်ကျင်တဲ့ ၁၁ ရက်မြောက်  သြဂုတ် ၁၉ ရက်ဆန္ဒပြပွဲမှာ  နိုင်ငံပိုင်ဓာတုစက်ရုံလုပ်သားတွေ ပါဝင်ခဲ့ပါတယ်။  သြဂုတ် ၁၉ ရက်မှာ သမ္မတ လူကာရှန်ကိုက စက်ရုံအနီး ဆန္ဒပြကြသူတွေကို သူ  ဖြေရှင်းခဲ့တယ်လို့ ပြောဆိုပြီး သူ့ကို မမြင်ချင်ယောင် မဆောင်ကြနဲ့လို့ စက်ရုံလုပ်သားတွေကို  ပြောဆိုခဲ့ပါတယ်။    အဲဒီနေ့မှာပဲ ဥရောပသမဂ္ဂ(အီးယူ)က  ဘဲလာရုစ်ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်မပြုဘဲ    မဲလိမ်မှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆန္ဒပြပွဲဖိနှိပ်သူတွေကို မကြာခင် အရေးယူဒဏ်ခတ်သွား မယ်လို့ ပြောဆိုပါတယ်။  အီးယူအဖွဲ့အကြီးအကဲ အာဆူလာဗွီဒီလီယွန်ကလည်း ဥရောပကော်မရှင်အနေနဲ့ ဘဲလာရုစ်နိုင်ငံအတွက် လျာထားတဲ့   ယူရိုငွေ ၅၃  သန်းအား အစိုးရကို ပေးအပ်မှာ မဟုတ်ဘဲ  အရပ်ဘက်အဖွဲ့အစည်း၊ ဆန္ဒပြပွဲဖြိုခွင်းရာမှာ ထိခိုက်ခဲ့သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။  ဘဲလာရုစ်သမ္မတ လူကာရှန်ကိုကလည်း အနောက်အင်အားကြီးနိုင်ငံတွေဟာ  ကိုယ့်ပြဿနာတွေကိုပဲ အာရုံစိုက်သင့်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
9 months Ago
More News
Up