ပါဝင်မည်

February 1, 2020

ဝုဗ်နှင့်ပွဲတွင် ဖာနန်ဒက်စ် ပါဝင်မည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား အတည်ပြု

ဝုဗ်ဘာဟမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ  ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ် ပါဝင်ကစားမယ်လို့ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ မန်ယူအသင်းဟာ အခုတပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။ ဖာနန်ဒက်စ်ဟာ ပွဲကစားဖို့အတွက် အဆင်သင့် ဖြစ်နေတာကြောင့် အသင်းလူစာရင်းမှာ ပါဝင်လာမှာဖြစ်ပြီး ဘယ်လောက်အထိ ကစားခွင့်ရမလဲ ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူနိုက်တက်အသင်း ကွင်းလယ်ပိုင်းမှာ ပေါ့ဘာနဲ့ တွန်မီနေးတို့ ဒဏ်ရာရရှိနေတာပါ။ နောက်ထပ် ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဖရက်ဒ်နဲ့ မာတစ်တို့ နှစ်ဦးဟာလည်း မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒတိယအကျော့မှာ ပွဲထွက်ကစားခဲ့လို့ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲပန်းမှုတချို့ ရှိနိုင်တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ဇန်နဝါရီ ၂၈ ရက်က ကစားခဲ့တဲ့ မာရီတီမိုအသင်းနဲ့ပွဲမှာတော့ အသင်းဟောင်း စပို့တင်းအတွက် မိနစ် ၉၀ အထိ ပါဝင်ကစားခဲ့ပါတယ်။
1 year Ago
Up