ပါလက်စတိုင်း အမျိုးသားတဦး အစ္စရေးဈေးထဲ သေနတ်ဖြင့်ပစ်၊ ၄ ဦးဒဏ်ရာရ

February 10, 2017

ပါလက်စတိုင်း အမျိုးသားတဦး အစ္စရေးဈေးထဲ သေနတ်ဖြင့်ပစ်၊ ၄ ဦးဒဏ်ရာရ

ပါလက်စတိုင်း အမျိုးသားတဦးက အစ္စရေးဈေးထဲကို ဖေဖော်ဝါရီ ၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၄ ဦး ဒဏ်ရာရတယ်၊ အဲဒီနောက် သူ့ကို ရဲတွေက ဖမ်းခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းပါးက ပါလက်စတိုင်းတဦးဟာ ပေတာတစ်ဗာမြို့အတွင်း ဈေးထဲမှာ အော်တိုမက်တစ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ရဲပြောခွင့်ရ မစ်ကီ ရိုစန်ဖဲ့ဒ်က ပြောပါတယ်။ လူ ၂ ဦး ခြေထောက်တွေကို ကျည်ဆံထိမှန်ပြီး တခြားလူ ၂ ဦးလည်း ဒဏ်ရာရပြီး အကြမ်းဖက်သမားကို ဖမ်းပြီးပြီလို့ သူက ပြောပါတယ်။ ကားနဲ့တိုက်တာ၊ သေနတ်နဲ့ပစ်တာ၊ ဓားနဲ့ထိုးတာတွေ အပါအဝင် ပါလက်စတိုင်းတွေရဲ့ လမ်းပေါ်တိုက်ခိုက်မှုတွေ သိသိသာသာ ဖြစ်နှုန်းနှေးလာပေမယ့် လုံးဝရပ်သွားတာတော့ မဟုတ်သေးပါဘူး။ ဒီလို အကြမ်းဖက်မှု ရှိနေတာဟာ ပါလက်စတိုင်းခေါင်းဆောင်တွေက မြှောက်ပင့် သွေးထိုးလို့ ဖြစ်ကြောင်း အစ္စရေးက အပြစ်တင် ပြောဆိုပါတယ်။ အနောက်ဘက်ကမ်းပါးမှာ အကန့်အသတ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကတော့ စွဲချက်ကို ငြင်းပါတယ်။ တိုက်ခိုက်သူတွေဟာ အစ္စရေးက ပါလက်စတိုင်းမြေကို သိမ်းပိုက်အပြီး ၂၀၁၄ ခုနှစ်တည်းက နှောင့်နှေးနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကိစ္စကို စိတ်ပျက်လို့ တကိုယ်တော် လှုပ်ရှားတာလို့ သူတို့က ပြောခဲ့ပါတယ်။
4 years Ago
Up