ပါလက်စတိုင်းနိုင်ငံမှာ အမျိုးသမီး ကားမောင်းပြိုင်ပွဲကို ပါလက်စတိုင်းရဲ့ လျှင်မြန်တဲ့ မောင်နှမများအဖွဲ့က အဖွဲ့ဝင်တွေ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။
ဒီအဖွဲ့ဟာ အမျိုးသမီးတွေ ဖွဲ့စည်းထားတဲ့ ပါလက်စတိုင်းရဲ့ ပထမဆုံးသော အမျိုးသမီး ကားမောင်းအဖွဲ့လည်း ဖြစ်ပါတယ်။
ပြိုင်ပွဲယှဉ်ပြိုင်သူ အမျိုးသမီးတွေရဲ့ ကားမောင်းစွမ်းရည်ကို ဒီရုပ်သံမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် အမျိုးသမီးတဦးကတော့ ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်စမှာ ဘယ်သူကမှ မလေးစားဘူးလို့ ပြောပါတယ်။
ဘာလို့လဲဆိုတော့ လူတွေက အမျိုးသမီးဆိုတာ အိမ်မှာနေ၊ ယောက်ျားယူ၊ ကလေးမွေး ဆိုတဲ့ ဘောင်ထဲကနေ တွေးနေကြလို့ ဖြစ်တယ်လို့ ပြောပါတယ်။
ပြိုင်ပွဲမရှိခင်က နေရာလည်း မရှိတဲ့အတွက် လမ်းပေါ်မှာ တရားမ၀င် ယှဉ်ပြိုင်ခဲ့ရတယ်လို့ အမျိုးသမီးတဦးက ပြောပါတယ်။
စေ့စပ်ထားတဲ့ အမျိုးသားက သူနဲ့ပြိုင်ပွဲ ဘယ်ဟာရွေးမလဲ မေးတာကို ကားပြိုင်ပွဲကို ရွေးခဲ့တယ်လို့ ဆိုပါတယ်။
5 years Ago