အစ္စရေး ရဲတပ်ဖွဲ့ဝင်တဦးက ဘီးတပ်ကုလားထိုင်ပေါ်က ပါလက်စတိုင်း မသန်စွမ်းတဦးကို တွန်းထုတ်လိုက်တဲ့ ထိတ်လန့်ဖွယ်ရုပ်သံဟာ လူမှုရေး ကွန်ရက်မှာ ဖေဖော်ဝါရီ ၁၇ ရက်က ပျံ့နှံ့နေပါတယ်။
ဒီလိုတွန်းထုတ်လိုက်တာကို တွေ့မြင်သွားတဲ့ အနီးနားက လူတွေက ပါဝင်ကူညီဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ချိန်ရွယ်တားဆီးခဲ့ပါတယ်။
ဒီနောက် အနီးအနားက ပါဝင်ကူညီဖို့ ကြိုးစားနေသူတွေထံကို ရဲတပ်ဖွဲ့ဝင်တဦးက အတင်းပြေးလိုက်ခဲ့သလို သေနတ်တွေနဲ့ ပစ်ခတ်သံတွေကိုလည်း ကြားရမှာ ဖြစ်ပါတယ်။
တကယ်တော့ ကျောင်းလွယ်အိတ်ထဲမှာ ဓားတွေ့လို့ အသက် ၁၃ နှစ် ပါလက်စတိုင်း အမျိုးသမီးငယ်တဦး အစ္စရေး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လမ်းပေါ်မှာ သေဆုံးနေတာကို မသန်စွမ်းက ကူညီဖို့ ကြိုးစားခဲ့ရာကနေ အခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အကြား နှစ်ရှည် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး အခုနောက်ပိုင်း အစ္စရေး စစ်တပ်နဲ့ ရဲတွေက ပါလက်စတိုင်းတွေကို မတော်မတရား ပြုကျင့်မှုတွေ လူမှုရေးကွန်ရက်တွေမှာ တွေ့မြင်လာနေရပါတယ်။
5 years Ago