ပါရီမြို့တော်က သက်တံ့ရောင် အပြေးပြိုင်ပွဲ

April 17, 2017

ပါရီမြို့တော်က သက်တံ့ရောင် အပြေးပြိုင်ပွဲ လူထောင်ချီ ပါဝင်ဆင်နွှဲ

ဧပြီလ ၁၆ ရက်နေ့က ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ သက်တံ့ရောင် အပြေးပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ အီဖယ်မျှော်စင်ရှေ့ ပန်းမဝင်ခင် ရောင်စုံအမှုန့်တွေနဲ့ ဖျန်းပက်ခံရပါတယ်။ စိန်းမြစ်ကမ်းတလျှောက် ၅ ကီလိုမီတာခရီး ပြိုင်ပွဲမှာ တေးသီချင်းတွေ နားဆင်ရင်း ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အချိန်သတ်မှတ်မထားဘဲ ပြိုင်ပွဲဝင်တွေဟာ ပြေးပြီးတော့ပဲဖြစ်ဖြစ်၊ လမ်းလျှောက်ပြီးတော့ပဲဖြစ်ဖြစ် လွတ်လပ်ပေါ့ပါးစွာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်တဦးက ဒီပြိုင်ပွဲဟာ လူတွေ တဦးနဲ့တဦး တွေ့ဆုံနိုင်ပြီး ပါရီမြို့ကိုလည်း တခြား ရှုထောင့်ကနေ ရှုမြင်နိုင်တာမို့ သိပ်ကောင်းပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ စကော့တလန်က ဂျက် ဆိုသူက ပထမဆုံး ပန်းဝင်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up