ပါရီမြို့

A d v e r t i s e m e n t With Us

April 24, 2019

ပြင်သစ်မြို့တော် ပါရီအနီးရှိ ဗာဆေးလက်စ်မြို့တွင် မီးအကြီးအကျယ်လောင်

ပြင်သစ်မြို့တော် ပါရီအနီးက ဗာဆေးလက်စ်မြို့မှာ ဧပြီ ၂၃ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့လို့ မီးသတ်သမား ၈၆ ယောက်က မီးသတ်ကား ၂၄ စီးနဲ့ ကြိုးစား ငြှိမ်းသတ်နေတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။ ဒေသန္တရ အာဏာပိုင်တွေက မီးလောင်ပြင်ကို ပိတ်ဆို့ကာရံထားပြီး ဒေသခံတွေ မီးလောင်တဲ့နေရာနားကို မချဉ်းကပ်ဖို့ သတိပေးထားပါတယ်။ မီးလောင်တဲ့မြို့ဟာ ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ထားတဲ့ ဗာဆေးလက်စ်နန်းတော်ရှိရာမြို့ဖြစ်လို့ လူသိများပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ လူကြိုက်များတဲ့ နော်တာဒမ် ခရစ်ယာန်ဘုရားကျောင်း မီးလောင်ပျက်စီးအပြီး ၈ ရက်မြောက်နေ့မှာ ဗာဆေးလက်စ်မြို့မှာ ထပ်ပြီး မီးလောင်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်သေဆုံးမှု စာရင်းကိုတော့ မသိရသေးပါဘူး။
2 years Ago

December 30, 2018

ပါရီမြို့တွင် ကားများ မီးရှို့ခံရ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီက လေပါရီစိန်း သတင်းစာတိုက် အဆောက်အဦနားမှာ ဒီဇင်ဘာ ၂၉ ရက်က ကားတွေ မီးရှို့ခံရပါတယ်။ ဘယ်သူက ကားတွေကို မီးရှို့လဲ ဆိုတာနဲ့ ပြင်သစ်ရဲ့ ဝတ်စုံဝါ ဆန္ဒပြပွဲတွေနဲ့ တိုက်ရိုက် ဆက်စပ်သလား ဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နိုင်ငံတလွှား လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေက ပိတ်ဆို့ထားပြီး မနေ့ကတော့ ဆန္ဒပြသူ လူအုပ်တွေဟာ မြို့လယ်တွေဆီ ချီတက်ခဲ့ကြပါတယ်။ မနေ့ညနေက ဆန္ဒပြသူ အယောက် ၈၀၀ လောက် လမ်းပေါ်ထွက်လာခဲ့ပြီး လူ ၅၇ ယောက်ကို ဖမ်းခဲ့တယ်လို့ ရဲက ပြောပါတယ်။ အရင်အပတ်ကလည်း ဆန္ဒပြခဲ့ပြီး လူ ၁၀၉ ယောက် ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ ဒီဇင်ဘာ အစောပိုင်းက ပါရီမြို့တော်မှာ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်ခဲ့ပါတယ်။
2 years Ago
More News
Up