ပါရီဒက်စ်

November 10, 2020

ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန် အာဂျင်တီးနားအသင်း လေကျင့်

အာဂျင်တီးနားအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီကို မက်ဆီ၊ ဒီမာရီယာနဲ ပါရီဒက်စ်တို့ အစောဆုံး ရောက်လာခဲ့ပါတယ်။  အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ပါရာဂွေး၊ ပီရူး အသင်းတွေနဲ့ ယှဉ်ပြိုင်ကစား ရဖို့ရှိပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးကွင်းက မြို့တော် ဘရူနိုအေးရိစ်ရဲ့ အပြင်ဘက်မှာရှိပါတယ်။ နိုဝင်ဘာ ၉ ရက်နေ့မှာ ကစားသမားတွေ အားလုံးရောက်ရှိဖို့ အကြောင်းကြားထားတာဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး လေ့ကျင့်မှုတွေ စတင်မှာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့် ၂ ပွဲမှာ အီကွေဒေါနဲ့ ဘိုလီးဗီးယားအသင်းတွေကို အနိုင်ရထားပြီး ဘရာဇီးအသင်းနဲ့အတူ အုပ်စုထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေပါတယ်။  ကမ္ဘာ့အဆင့် ၈ သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားအသင်းဟာ နိုဝင်ဘာ ၁၃ ရက်မှာ ပါရာဂွေးနဲ့ အိမ်ကွင်းပွဲစဉ် ကစားအပြီးမှာ ပီရူးအသင်းနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ အဝေးကွင်းပွဲစဉ်အနေနဲ့ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago
Up