ပါရီတွင် ခရစ္စမတ်အကြိုည ပွဲလမ်းများ လုံခြုံရေးတင်းကျပ်ပြီး ကျင်းပ

December 25, 2015

ပါရီတွင် ခရစ္စမတ်အကြိုည ပွဲလမ်းများ လုံခြုံရေးတင်းကျပ်ပြီး ကျင်းပ

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ ခရစ္စမတ်အကြိုည ပွဲလမ်းတွေကို တင်းကျပ်တဲ့ လုံခြုံရေးအောက်မှာ ကျင်းပမှာပါ။ ရဲနဲ့ ဒေသခံ အာဏာပိုင်တွေဆီကို အရင်သီတင်းပတ်က ပေးပို့ခဲ့တဲ့ ရဲသတိပေးစာထဲမှာ ပြည်ထဲရေးဝန်ကြီးက မြို့နယ် လုံခြုံရေးအကြီးအကဲတွေကို လုံခြုံရေးအဆင့် တိုးမြှင့်ထားဖို့ ဆော်သြခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာန အရာရှိတွေက ခရစ်ယာန် ဘုရားကျောင်းတွေကို တိကျတဲ့ ခြိမ်းခြောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။ လုံခြုံရေးတိုးမြှင့်မှုကို ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၄ သောင်းခွဲသာမက ပရိုတက်စတင့်နဲ့ အော်သိုဒေါ့က်စ် ဘုရားကျောင်းတွေမှာပါ တာဝန်ချခဲ့တာပါ။ "ပါရီဘုရားကျောင်းရဲ့ သင်းအုပ်ဆရာကတော့ ပြင်သစ်နိုင်ငံသားတွေဟာ တနင်္ဂနွေနေ့တိုင်း ဒီကိုလာရင်း ဘေးအလားအလာတွေ ရှိတယ်၊ ကျနော်တို့အားလုံးဟာ ပစ်မှတ် အလားအလာတွေ ဖြစ်တယ်ဆိုတာ သတိထားမိခဲ့ကြပြီးပြီ" လို့ ပြောပါတယ်။ ပါရီမြို့သား နောက်တဦးကလည်း ပြင်သစ်နိုင်ငံသားတွေဟာ နိုဝင်ဘာ တိုက်ခိုက်မှုအပြီး အနာကျက်ဖို့ အချိန်လိုတယ်လို့ ပြောပါတယ်။ ပါရီမြို့ပြင်က ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရအပြီး ဒီနှစ်ဧပြီလက ရဲတွေဟာ အလားတူ ဘေးကင်းရေး ညွှန်ကြားချက်တွေကို ဆောင်ရွက်ဖူးပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စီစဉ်သူလို့ သံသယရှိတဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ပြီးပါပြီ။
7 years Ago
Up