ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ရဲတွေဟာ နိုဝင်ဘာ ၁၃ ရက်နေ့က ပါရီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမျိုသားတဦးကို ထပ်ဖမ်းခဲ့တယ်လို့ ဘယ်လ်ဂျီယံအစိုးရ ရှေ့နေတွေက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ဒါကြောင့် လူအယောက် ၁၃၀ သေဆုံးခဲ့ရတဲ့ ပါရီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံထဲမှာ အဖမ်းခံရသူ ၉ ဦး ရှိသွားပါပြီ။
ဘရပ်ဆဲလ်မြို့တော်မြောက်ပိုင်း ဗဟိုစီးပွားရေးခရိုင်ထဲက ရိပ်သာလမ်းတခုထဲမှာ ဖမ်းခဲ့တာပါ။
အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံနိုင်ငံသား အဘ်ဒူလာစီကို ဒီဇင်ဘာ ၂၂ ရက်နေ့က ဖမ်းခဲ့တာပါ။
ဖြစ်နိုင်ချေ ပြဿနာတွေကို တပ်လှန့်တာမျိုးကနေ ရှောင်ဖို့ အစိုးရရှေ့နေတွေက သူ့ကို ဖမ်းထားကြောင်း မကြေညာခဲ့ဘူးလို့ ပြောခွင့်ရသူတဦးက ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးရုံးက ဒီလူကို အကြမ်းဖက်သတ်ဖြတ်မှု သံသယ၊ အကြမ်းဖက် အဖွဲ့အစည်းမှာ ပါဝင်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိလို့ ဖမ်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ အစိုးရရှေ့နေတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့က ရဲတွေဟာ ဘရပ်ဆဲလ်မြို့ထဲက ရှာဖွေမှု အတော်များများအတွင်း လူ ၅ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် စစ်မေးပြီး မကြာခင် အားလုံးကို ပြန်လွှတ်ခဲ့ပါတယ်။
7 years Ago