ပါရီတိုက်ခိုက်မှုနှင့် ပတ်သက်သူကို ဘယ်လ်ဂျီယံက ပြင်သစ်ကို လွှဲပေး

April 28, 2016

ပါရီတိုက်ခိုက်မှုနှင့် ပတ်သက်သူကို ဘယ်လ်ဂျီယံက ပြင်သစ်ကို လွှဲပေး

ပြီးခဲ့တဲ့နှစ်က ပါရီမြို့တော် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်သူလို့ သံသယရှိထားတဲ့ Salah Abdeslam ဆိုသူကို ဘယ်လ်ဂျီယံနိုင်ငံက ပြင်သစ်နိုင်ငံကို ဧပြီ ၂၇ ရက်နေ့မှာ လွှဲပြောင်းပေးလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် Salah ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် ပြင်သစ်နိုင်ငံသား ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ ပါရီမြို့တော် တိုက်ခိုက်မှုတွေ မတိုင်ခင် ဘရပ်ဆဲလ်မြို့တော်မှာ နေထိုင်ခဲ့ပါတယ်။ ပါရီမြို့တော်တိုက်ခိုက်မှုတွေအတွင်း လူအားလုံး ၁၃၀ သေဆုံးခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ ဧပြီ ၂၇ ရက် မနက်က ပြင်သစ်အာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးအပ်ခဲ့ပေမယ့် သူ့ကို ဘယ်မှာထားမယ် ဆိုတာကိုတော့ မသိရပါဘူး။ ပြီးခဲ့တဲ့တပတ်က ဘရပ်ဆဲလ်မြို့တော်မှာ သူ့ကို ပစ်ခတ်ဖမ်းဆီးမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှု၊ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်မှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။
6 years Ago
Up