ပါရီဆစ်

A d v e r t i s e m e n t With Us

January 28, 2019

အင်တာမီလန် ကွင်းလယ်လူ ပါရီဆစ် အသင်းမှ ထွက်ခွင့်တောင်း

အင်တာမီလန်ကွင်းလယ်လူ ပါရီဆစ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ စကိုင်းစပေါ့ရဲ့ ဖော်ပြချက်အရ ပါရီဆစ် ထွက်ခွာခွင့်တောင်းတာကို အင်တာမီလန်အသင်း ဒါရိုက်တာ မာရော့တာက အတည်ပြုခဲ့ပေမယ့် သူ့ကို ကမ်းလှမ်းထားတဲ့ အသင်းတွေ မရှိသေးတဲ့အကြောင်း ပြောပါတယ်။ ပါရီဆစ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်နေပြီး သူ့အတွက် ကျေနပ်အောင် လုပ်ဆောင်ပေးမှာဖြစ်သလို သူ့ရဲ့တန်ဖိုးအတိုင်း ခေါ်ယူကြဖို့ လိုတယ်လို့လည်း မာရော့တာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ပါရီဆစ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်ပြီး ရာသီအကုန်မှာ ပေါင် ၃၄ ဒသမ ၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်တယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။ ခရိုအေးရှားကွင်းလယ်လူ ပါရီဆစ်ဟာ စီးရီးအေပွဲစဉ် ၂၀ မှာ ၁၄ ပွဲပဲ ပွဲထွက်ကစားခဲ့ပေမယ့်  ပြိုင်ပွဲစုံမှာတော့ ၂၅ ပွဲမှာ ၃ ဂိုးသွင်းပြီး ၅ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
2 years Ago

December 1, 2018

မန်ယူကို ပြောင်းရွှေ့ရန် လက်တကမ်းအလိုထိ ရောက်ခဲ့ဟု ပါရီဆစ်ပြော

အင်တာမီလန်အသင်းရဲ့ ခရိုအေးရှားတိုက်စစ်မှူး အိုင်ဗန်ပါရီဆစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ လက်တကမ်းအလို အခြေအနေထိ ရောက်ရှိခဲ့ပေမယ့် အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပါရီဆစ်ဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့ အသည်းအသန်ကြိုးပမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ အမှန်တကယ်ဖြစ်လာခြင်းမရှိခဲ့ပါဘူး။ သူ့ရဲ့ အပြောင်းအရေ့မတိုင်ခင်မှာ နည်းပြစပယ်လက်တီနဲ့ စကားပြောဖြစ်ခဲ့ပြီး နည်းပြက အမှန်တကယ်လိုအပ်ကြောင်းပြောကြားခဲ့တာကြောင့် အင်တာမီလန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ရှိနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
2 years Ago
Up