ပါရာဂွေးထောင်ထဲ ကျင်းပတဲ့ ဘောလုံးပွဲမှာ ဘရာဇီး ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုပါဝင်တဲ့အသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံမှာ ပတ်စ်ပို့အတု ပြုလုပ်ခဲ့တာကြောင့် ထောင်ထဲ ရောက်နေရတာပါ။ ထောင်းတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၅ ယောက် တဖက် ဘောလုံးပြိုင်ပွဲမှာတော့ ရော်နယ်ဒင်ဟို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလားပါ ရယူနိုင်ခဲ့တာပါ။
သူ ဘောလုံးကစားနေတဲ့ ဗွီဒီယိုဖိုင်တွေနဲ့ အသင်းဖော်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာလည်း တွစ်တာမှာ ပျံ့နှံ့နေပါတယ်။
ရော်နယ်ဒင်ဟိုဟာ ထောင်တွင်း ဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ဆုကြေးအဖြစ် ၁၆ ကီလိုဂရမ်ရှိ ဝက်တကောင် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရော်နယ်ဒင်ဟိုဟာ ပတ်စ်ပို့အတု ပြုလုပ်မူကြောင့် တရားရုံးမှာ အမှု ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
12 months Ago