အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် တန်ဖိုးရှိပြီး မီးသွေးတွေထဲ ဝှက်သယ်လာတဲ့ ကိုကင်း ၂ ဒသမ ၃ တန်ကို စံချိန်တင်ဖမ်းဆီးရမိတယ်လို့ ပါရာဂွေး ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မြို့တော် အက်ဆိုစီယွန်က ၁၉ မိုင်အကွာ တယ်ပေါ့တယ်ဗီလယ်တာဆိပ်ကမ်းမှာ ဖမ်းမိတဲ့ စုစုပေါင်း ကိုကင်းတွေဟာ ၂,၃၂၃ ကီလို ရှိတယ်လို့ စစ်ဆင်ရေးလုပ်တဲ့ မူးယစ်တိုက်ဖျက်ရေး အဖွဲ့က ပြောဆိုပါတယ်။
အစ္စရေးကိုပို့မယ့် မီးသွေးကွန်တိန်နာ ၆ လုံးထဲမှာ ကိုကင်းတွေကို ဝှက်သယ်ဆောင်လာတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ရှင်းပြပါတယ်။
ဒီလိုတင်ပို့ရာမှာ တာဝန်ရှိသူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး တစ်ယောက်ဟာ နိုင်ငံပိုင် ရုပ်သံလိုင်း ညွှန်မှူးဟောင်းတစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ပါရာဂွေးနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေထဲမှာ အခုဖမ်းဆီးရမိမှုက အများဆုံး ဖြစ်ပြီး ဥရောပနဲ့ တခြားဒေသတွေဆီ မူးယစ်ဆေး တင်ပို့ရာမှာ ပါရာဂွေးကို ကြားခံနိုင်ငံအဖြစ် အသုံးပြုနေတယ်လို့ ရိုက်တာသတင်း အရသိရပါတယ်။
4 months Ago