ပါရာဂွေ

January 17, 2020

ပါရာဂွေးတွင် သွေးလွန်တုပ်ကွေးကြောင့် ၁ ဦးသေဆုံး၊ အရေးပေါ်အခြေအနေထုတ်ပြန်

ပါရာဂွေးနိုင်ငံမှာ သွေးလွန်တုပ်ကွေးကြောင့် လူတယောက်သေဆုံးပြီးနောက် ဇန်နဝါရီ ၁၆ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအဆိုအရ မြို့တော် အက်ဆွန်သီယွန်မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၇၀၀ ထက်မနည်း ရှိပါတယ်။ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ တယောက်ကိုသာ အတည်ပြုထားပေမယ့် ကျန်သေဆုံးသူ ကိုးယောက်ဟာ ရောဂါနဲ့ ဆက်နွှယ်တာ ရှိ၊ မရှိ တာဝန်ရှိသူတွေ  စုံစမ်းနေပါတယ်။  မြို့တော်မှာ ကျန်းမာရေးသတိပေးချက် တပ်လှန့်ထားပြီး သတိပေးချက်ဟာ ရက်ပေါင်း ၉၀ အကျုံးဝင်မယ်လို့ မျှော်လင့်ရပါတယ်။  ဒီလိုသတိပေးချက် ထုတ်ပြန်တာဟာ သွေးလွန်တုပ်ကွေးကူးစက်မှု ထိန်းချုပ်ရေးကို  တိုးမြှင့်ဆောင်ရွက်ဖို့ဖြစ်ပြီး ဒီသီတင်းပတ်အတွင်း အစိုးရက ကျန်းမာရေးဝန်ထမ်း အယောက် ၅၀၀ အထိ ခေါ်ယူခဲ့ပါတယ်။   ပါရာဂွေးနိုင်ငံမှာ သွေးလွန်တုပ်ကွေးအဖြစ်များပြီး ၂၀၀၇ ခုနှစ်က လူပေါင်း ၂၇၀၀ ကူးစက်ခံရကာ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ဝယ်ယူ မရရှိနိုင်တာကြောင့် ကမ္ဘာတဝှမ်း  သွေးလွန်တုပ်ကွေးကြောင့် တနှစ်ကို ခန့်မှန်း လူ ၂၂၀၀၀ လောက် သေဆုံးနေပြီး ရောဂါမပျံ့ပွားအောင်  ကျန်းမာရေးဝန်ထမ်းတွေက ခြင်နှိမ်နှင်းရေးတွေ လုပ်ဆောင်နေပါတယ်။  
1 year Ago
Up