ပါရမီလမ်း

September 7, 2021

လှိုင်မြို့နယ် ဗဟိုလမ်းနှင့် ပါရမီလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးအနီး ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဗဟိုလမ်းနဲ့ပါရမီလမ်းထောင့် ယာဉ်ထိန်းရုံးအနီးမှာ စက်တင်ဘာ ၆ ရက်  ည ၇ နာခွဲရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “အသံအကျယ်ကြီးကြားလိုက်တယ်၊ ယာဥ်ထိန်းရုံးအနီးမှာ ဗုံးပေါက်ကွဲတာလို့ သိရပြီး လူထိခိုက်တယ်တော့ မကြားမိဘူး၊ စစ်တပ်က ရှာဖွေရေးတွေ လုပ်သွားတယ်” လို့ ပြောပါတယ်။

လှိုင်မြို့နယ်မှာ မကြာခဏပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီပိုင် စက်ရုံ အလုပ်ရုံတွေလည်း ဩဂုတ်လတွင်းက  ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။

3 months Ago
Up