ပါရမီရှင် ၂ နှစ်သမီးလေး၏ အေဘီစီသီချင်းသီဆိုမှု ရုပ်သံ ကြည့်ရှုသူ ၅ သန်းနီးပါးရှိ

A d v e r t i s e m e n t With Us

September 8, 2016

ပါရမီရှင် ၂ နှစ်သမီးလေး၏ အေဘီစီသီချင်းသီဆိုမှု ရုပ်သံ ကြည့်ရှုသူ ၅ သန်းနီးပါးရှိ

ဗိုင်အိုလက် အိုဂီရာဟာ အသက် ၂ နှစ်သာ ရှိသေးပေမယ့် ဘရော့ဒ်ဝေး အနုပညာ လမ်းကြောင်းပေါ် ရောက်နိုင်မယ့် အလားအလာကောင်းတခု ရရှိနေပါပြီ။ သူ့ရဲ့ အံ့သြစရာ အားမာန်အပြည့်နဲ့ သီဆိုထားတဲ့ အေဘီစီသီချင်းသီဆိုမှုရုပ်သံ ဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာပေါ် စတင်မျှဝေခဲ့ချိန်ကနေ ခုအချိန်ထိ ၀င်ရောက်ကြည့်ရှုသူ ၅ သန်းနီးပါး ရှိနေခဲ့ပါပြီ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မိခင်ဖြစ်သူ ခရစ္စတီးနားက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာလို့ မက်ထရိုသတင်းတပုဒ်မှာ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။ မိခင်ဖြစ်သူက “သူက ကျမကို သီချင်းတွေ ပြန်ဆိုပြလေ့ရှိတယ်။ အဲဒါကြောင့် ကျမက သူ့ကို အေဘီစီ(သရ)တွေကို သီချင်းလိုလုပ်ဆိုပြပြီး သင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။ ဗိုင်အိုလက်ရဲ့အသံဟာ အော်ပရာသီချင်းသီဆိုမှု အသံအရည်အသွေးအတိုင်း ဖြစ်နေခဲ့ပြီး မိခင်ဖြစ်သူကတော့ သူဟာ တခြားသီချင်းပေါင်းများစွာကိုလည်း ခုလိုပဲ သီဆိုလေ့ရှိတယ်လို့ ပြောပါတယ်။
4 years Ago
Up