ပါမောက္ခ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း

May 28, 2021

ပါမောက္ခ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းအပါအဝင် နိုင်ငံခြားဘာသာတက္ကသိုလ် ဆရာ ဆရာမ ၁၂၈ ဦးကို ထုတ်ပယ်ခံရ

ပါမောက္ခ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းအပါအဝင် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်က အ ရာထမ်း၊ အမှုထမ်း ၁၂၈ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ရာထူးကနေ ထုတ်ပယ် လိုက်ပါတယ်။

ဒေါက်တာ စိုင်းခိုင်မျိုးထွန်းဟာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပ ညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအနေနဲ့ တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပြီး ရန်ကုန်နိုင် ငံခြားဘာသာတက္ကသိုလ်မှာတော့ နိုင်ငံတကာဆက်ဆံရေးပညာဌာနရဲ့ ပါမောက္ခရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူတယောက် ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ ကို  အကြောင်းပြချက် မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက် တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရာထူးက ထုတ်ပယ်လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့လက တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံထားရသူတွေ ဖြစ်ပါတယ်။

ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ ပါမောက္ခ‌(ဌာနမှူး)တွေ၊ ပါမောက္ခ‌တွေ၊ ကထိက‌‌တွေနဲ့ လက်ထောက်ကထိကအဆင့်တွေထိ ပါဝင်ပြီး အရာထမ်းဝန်ထမ်းတွေ ထဲမှာတော့ စီမံ၊ ဘဏ္ဍာ၊ စာကြည့်တိုက်၊ နယ်မြေစတဲ့ ဌာနအသီးသီးက အောက်ခြေဝန် ထမ်းတွေအထိ ပါဝင်နေတာ ဖြစ်ပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေအနေနဲ့ ၆ လ အတွင်း နိုင်ငံဝန်ထမ်းနည်းဥပဒေနဲ့အညီ အယူခံဝင်နိုင်တယ်လို့ ဆိုပါတယ်။

6 months Ago
Up