ပါမောက္ခရှောင်တားနား

February 9, 2021

စီးပွားရေးပညာရှင် ပါမောက္ခရှောင်တားနားကို ပြန်လွှတ်ပေးရန် မြန်မာကို သြစတြေးလျတိုက်တွန်း

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တားနားကို  မြန်မာ အာဏာပိုင်တွေက ချက်ချင်းလွှတ်ပေးဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းက ဖေဖော်ဝါရီ ၈ရက်မှာ ပြောပါတယ်။

ပါမောက္ခရှောင်တားနား အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေကြောင့် သြစတြေးလျ အစိုးရက နက်နက် နဲနဲ စိုးရိမ်မိတယ်လို့လည်းပြောပါတယ်။

 ရှောင်တားနားဟာ ဆစ်ဒနီမြို့ မက်ကွာရီတက္ကသိုလ်က စီးပွားရေး ပါမောက္ခလည်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး မူဝါဒတွေအတွက် ကာလကြာရှည် အကြံပေးခဲ့သူဖြစ်ပြီး သူ အဖမ်းခံရတယ်လို့ ရိုက်တာ သတင်းဌာနကို ဖေဖော်ဝါရီ ၆ရက်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်မှာ ဖမ်းဆီးခံထားရသလဲဆိုတာကိုမသိသေးသလို စနေနေ့က စလို့ သူ့ကို ဆက်သွယ်လို့ မရတော့ပါဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ရွေးကောက်ခံ အစိုးရအာဏာသိမ်းခံရအပြီး အဖမ်းခံရတဲ့ ပထမဆုံး နိုင်ငံခြားသား ဖြစ်လာပါတယ်။

ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ရှောင်တားနားနဲ့ အဆက်အသွယ် ရှိခဲ့တဲ့  မြန်မာ သံအမတ်ကြီးကို သြစတြေးလျ အစိုးရက ဆင့်ခေါ်ခဲ့တယ်လို့လဲ မာရိစ်ပိန်းက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတဝန်းမှာ  သိန်းသန်းချီတဲ့ ပြည်သူတွေဟာ  ပြည်လုံးကျွတ် ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ကိုးကား/ ဓာတ်ပုံ - ရိုက်တာ

2 years Ago
Up